Sunday, September 1, 2013

15. What Every Believer Should Know About Speaking in Tongues (BREAD FOR BELIEVERS) ဘာသာစကားပြောခြင်း



Dr. Curtis Hutson

-----------------------------------------------------------------------------------------------------
အခန်း ၁၅
--------------------------------------------------------------------------------------------------

အခြားသော ဘာသာစကား

အဓိပ္ပါယ်၊ စိတ်ရင်း၊ နည်းစနစ်၊ နားလည်လွဲမှုများ။

ညီအကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ အခြားသော ဘာသာစကားဖြင့် ဟောပြော သော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်း တခုခုကို မပြုဘဲလျက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း။ ထိုနည်းတူ အသံမြည်တတ်သော အဝိညာဏာကစောင်း၊ ပုလွေတို့သည် သေချာသောအသံနှင့်မမြည်လျှင်၊ စောင်းသံ၊ ပုလွေသံတို့ကို အဘယ်သို့ သိနိုင်မည်နည်း။ တံပိုးခရာသည်လည်း မမှန်သောအသံနှင့်မည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။ ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သောစကားကို နှုတ်ဖြင့် မမြွက်လျှင်၊မြွက်သောစကားကို အဘယ်သို့ သိနိုင်မည်နည်း။ အာကာသကောင်းကင်ကို ပြောသောသူကဲ့သို့ ဖြစ်လိမ့်မည်။”  ၁ကော ၁၄: ၆-၉။

ဘာသာစကား ပြောတဲ့အကြောင်းဟာ ကျမ်းစာမှာ ပါတဲ့အတွက် လေ့လာသင့်တယ်။ အဓိက ၂ ချက်ကြောင့် အရေးကြီးတဲ့ အကြောင်းအရာအဖြစ် လေ့လာဖို့ လိုတယ်။

တစ်က ဘာသာစကားပြောခြင်း (သို့) charismatic ခဲရစ္စမက်တစ် လှုပ်ရှားမှုဟာအလျှင်အမြန် ကြီးထွားလာတယ်။ ရိုးသားတဲ့ ယုံကြည်သူတွေဟာ နက်နဲတဲ့ အတွေ့အကြုံတွေ ရှာချင်လို့ အဲဒီလှုပ်ရှားမှုထဲ သွေးဆောင်ခံရတယ်။ နားလည်လွဲနေတဲ့ ထောင်ပေါင်း များစွာသော ယုံကြည်သူတွေဟာ ဝိညာဉ်ကယ်တင်ဖို့  ဝိညာဉ်တော်ပြည့်ဝမှုကို ရှာရမယ့်အစား ဘာသာစကားပြောဖူးချင်တာကို အလွဲ ရှာကြတယ်။

တခြားတဖက်မှာလည်း အဲဒီထက်ပိုများတဲ့ ယုံကြည်သူထောင်ပေါင်းများစွာဟာ စိတ်လှုပ်ရှားမှု တွေကို သိပ်သဘောမကျတာနဲ့၊ ဝိညာဉ်တော်ပြည့်ဝမှုအကြောင်း လေ့လာဖို့ လုံးဝ ရှောင်လာကြတယ်။ ဝေဖန် ကဲ့ရဲ့ ခံရမှာ ကြောက်တာနဲ့ကို စိတ်မဝင်စားတော့ဘူး။

နေရာတိုင်းမှာရှိတဲ့ ယုံကြည်သူတိုင်း ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ လိုတယ်။ ဝိညာဉ်တော်မပြည့်ဝရင် ဝိညာဉ်ကယ်တဲ့ အသင်းတော်ကြီးတွေ၊ နိုးထမှုတွေ မရှိနိုင်ဘူး။ ဇာခရိ၄း၆ မှာ “ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

ဒုတိယအချက်အနေနဲ့ ဘာသာစကား လေ့လာသင့်တဲ့အကြောင်းရင်းက၊ ရိုးသားတဲ့ ယုံကြည်သူတွေ ကြားထဲမှာ ယူဆပုံတွေ ကျယ်ကျယ်ပြန့်ပြန့်ကြီး ကွဲလွဲနေတယ်။ ရိုးသားတဲ့ ယုံကြည်သူတို င်းဟာ ဘာသာစကားပြောခြင်းအကြောင်းကို ဝေဖန်ကဲ့ရဲ့တာမျိုး မဟုတ်ဘဲ၊ စိတ်နှလုံကိုဖွင့်ပြီး လေ့လာ သင့်တယ်။ ဝိညာဉ်တော်ပြည့်ဝခြင်းအကြောင်းလို အရေးကြီးတဲ့ အကြောင်းအရာမျိုးမှာ ဘုရားကိုချစ်ပြီး ကျမ်းစာကို ယုံကြည်သူတွေ တယောက်နဲ့တယောက် စိတ်နာစရာတွေဖြစ်၊ သဘောထား အကြီးအကျယ် ကွဲလွဲတာဟာ ဘုရားသခင်အတွက် စိတ်ကြေကွဲစရာဖြစ်နေမှာ သေချာတယ်။

အခုဒီအကြောင်းလေ့လာတဲ့အခါ အတွေ့အကြုံတွေအကြောင်းမပြောဘဲ၊ ကျမ်းစာပြောတာကို  ပြောပါမယ်။ အတွေ့အကြုံဟာ ကျမ်းစာနဲ့မကိုက်ညီရင် မှားတယ်။ ကျမ်းစာကတော့ မမှားနိုင်ဘူး။ အတွေ့အကြုံကို အမှန်ယူလို့ မရဘူး။ ကျမ်းစာကိုပဲ အမှန်ယူပါ။ သွန်သင်တဲ့ ဩဝါဒဟာ အတွေ့အကြုံပေါ်မှာ အခြေခံလို့ မရဘူး။ ကျမ်းစာမှာပဲ အခြေခံပါ။

ဟိုတုန်းက နာမည်ကြီးအပတ်စဉ် T.V အစီစဉ်တခုမှာ စုံထောက်တယောက်အကြောင်း ပြောတယ်။ သူ့နာမည်ပြောရရင်တော့ “ဆာဂျင်ဖရိုက်ဒေး” (ရဲအုပ်ဖိုးသောကြာ- ဆိုပါစို့)” ဇာတ်လမ်းတိုင်းမှာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်သေတယောက်ကို ဆာဂျင်ဖရိုက်ဒေးက စစ်မေးတဲ့အခါ “အဖြစ်မှန်ပဲနော်၊ အမှန်ပဲပြောဗျာ။” တဲ့။ ဘုရားမလို့ ကျွန်တော်လည်း ဒီလိုပဲပြောရစေ။ ကျမ်းစာပြောတဲ့အတိုင်း ဘာသာစကား ပြောခြင်းနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်၊ စိတ်ရင်း၊ နည်းလမ်း၊ နားလည်လွဲမှုတွေအကြောင်း လေ့လာရအောင်။
(၁) အဓိပ္ပါယ် - The meaning of it

တမန် ၂း၄ မှာ “ဘာသာစကား” လို့ ဘာသာပြန်ထားတဲ့ဂရိစကားဟာ glossa ဖြစ်တယ်။ ဒီစကားဟာ ဓမ္မသစ်ကျမ်းမှာ အကြိမ် ၅၀ ပါတယ်လို့ ကျမ်းညွှန်းစာအုပ် Strong’s Concordance မှာ တွေ့ရတယ်။ 16 ကြိမ်ကတော့ လူ့ပါးစပ်ထဲကလျှာကို ရည်ရွယ်တယ်။ တကြိမ်ကတော့ တမန်၂း၃ မှာ “ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့” လို့ သုံးတယ်။ ကျန် ၃၃ ကြိမ်က “ဘာသာစကား” လို့ ဆိုလိုတယ်။ ဒါပေမယ့် ဘုရားသခင်သာ နားလည်နိုင်တဲ့ ကောင်းကင်ဘာသာစကားလို့တော့ ကျမ်းစာက တခါမှ မဆိုဘူး။ လူတွေ မသိအောင်၊ နားမလည်နိုင်အောင် နက်နဲတဲ့ အရာမျိုးလို့လည်း မဆိုလိုဘူး။ တမန် ၂ က “စကားဟာ မြန်မြန် ဗလုံးဗထွေးပြောတဲ့ စကား မဟုတ်ဘူး။ ပင်တေကုတ္တေနေ့က လူတွေပြောနိုင် နားလည်နိုင်တဲ့ သာမန် လူ့ဘာသာစကား ဖြစ်တယ်။ ပြောလိုတဲ့ သာမန်လူ့ဘာသာစကား  ဖြစ်တယ်။ ပြောခွင့်ရခဲ့တဲ့ ဘာသာစကား အမျိုးအမည်တွေကို ဖေါ်ပြထားတယ်။

ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူ အပေါင်းတို့သည် ဂါလိလဲလူ ဖြစ်ကြသည် မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသော ပေါဘာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တု ပြည်၊ အာရှိပြည်၊ ဖြူဂိပြည်၊ ဝမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌ နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးသီးဖြစ်ကြသောငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုး ဘာသာစကားအားဖြင့် ဟောပြောကြသည် ကို ကြားပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။”  (တမန် ၂းရ-၁၁)

အဲဒီမှာ ပြောတဲ့ဘာသာစကားကို သတိထားကြည့်ပါ။ အငယ်၄၊ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်၍၊ အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။” နားမလည်နိုင်တဲ့ စကားလို့ မပြောဘူး။ လူမျိုးခြားစကားတွေသာ ဖြစ်တယ်။

အငယ် ရ-၈ မှာ “ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျှက်ရှိ၍၊ ယခု ဟောပြောသောသူ အပေါင်းတို့သည် ဂါလိလဲလူ ဖြစ်ကြသည် မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီး မွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။

အငယ် ၉-၁၁ အထိမှာ သူတို့ပြောတဲ့ တခြားလူမျိုးစကားတွေကို ဖေါ်ပြထားတယ်။

ဘာသာစကားပြောတာကို တမန်တော်ဝတ္တုထဲမှာ ၃ နေရာသာ တွေ့ရတယ်။ ပင်တေကုတ္တေ နေ့ တမန် ၂း၁-၁၁၊ ကဲသရိမြို့ တမန် ၁၀း၄၄-၄၆ နဲ့ ဧဖက်မြို့ တမန် ၁၉း၁-၆ တို့ ဖြစ်တယ်။

တမန် ၁၀း၄၆ မှာ ကောနေလိနဲ့ သူ့ရဲ့အိမ်သားတွေဟာ အမျိုးမျိုးသော ဘာသာစကားအားဖြင့် ပြော၍၊ ဘုရားသခင်ကို ချီးမွမ်း သည်ကို ကြားရတယ်။ ပေတရုက “ငါတို့ကဲ့သို့သန့်ရှင်းသော ဝိညာဉ်တော်ကို ခံရသော ဤသူတို့ကို နှစ်ခြင်းမပေးစေခြင်းငှါ၊ အဘယ်သူသည် ရေကိုမြစ်တားနိုင်သနည်း” လို့ တုန့်ပြန်ခဲ့တယ်။

သူတို့ဟာ ပြောင်းလဲစလူသစ်တွေဖြစ်လို့ ရှင်ပေတရုက နှစ်ခြင်းခံကြဖို့ တိုက်တွန်းတယ်။ ကောနေလိနဲ့ သူ့ရဲ့အိမ်သားတွေ ပြောတဲ့စကားဟာ အံ့ဘွယ်ထူးခြားတဲ့စကားတွေ မဟုတ်ဘူး။ စကားတွေ ပြောရင်း၊ ဘုရားသခင်ကို ချီးးမွမ်းတာပါ။ ကောနေလိနဲ့ သူ့အိမ်သား တွေဟာ ရောမမြို့ကလာတဲ့ အီတလီ တပ်သားတွေပါ။ သူတို့ရဲ့ မူလဘာသာစကားက လက်တင်ပါ။ တပ်မှူးရဲ့အိမ်သားတွေဆိုတာဟာ ရောမ အင်ပါယာထဲမှာရှိတဲ့ တိုင်းနိုင်ငံတွေကလာတဲ့ စစ်သားတွေ၊ ကျွန်တွေ၊ အစေအပါတွေ အုပ်ချုပ်ရေးအရာရှိတွေ ဖြစ်ဟန်ရှိတယ်။ သူတို့ သိပ် ဝမ်းသာသွားတဲ့အခါ၊ ကိုယ့်မူလဘာသာစကားတွေနဲ့ ဘုရားသခင်ကို အသီးသီး ချီးမွမ်းကြတာ မဖြစ်နိုင်ဘူးလား?

ဒါဟာ စိတ်ပညာသဘောအရ မှန်ပါတယ်။ နိုင်ငံခြားသားတယောက်ဟာ အလွန်အမင်း ဝမ်းသာတဲ့ အချိန်ဖြစ်ဖြစ်၊ အန္တရာယ် ကြုံချိန်ပဲဖြစ်ဖြစ်၊ ရေရွတ်တတ်တယ်။ မကြာသေးခင်ကမှ တတ်ထားတဲ့ စကားထက်၊ ကိုယ့်မွေးရပ်မြေက ဘာသာစကားနဲ့ပဲ အော်ဟစ် ရေရွတ်တတ်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်။ တမန် ၁၀း၄၆ က ဘာသာစကားဟာ နားလည်နိုင်တဲ့ ဘာသာစကားတွေပါ။ ဝမ်းသာလွန်းလို့ ပြောထွက်သွားတဲ့ စကားတမျိုးတည်း မဟုတ်ဘူး။

တတိယဖြစ်ရပ် မှတ်တမ်းကတော့ တမန်၉း၁-၆ မှာ တွေ့ရတယ်။ ဧဖက်မြို့သား ၁၂ ယောက်ကို ရှင်ပေါလုတွေ့တဲ့အခါ “ယုံကြည်ပြီးတဲ့အချိန်ကစပြီး သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြပြီလား?” လို့ မေးတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဆိုတဲ့အကြောင်း မကြားဖူးသေးဘူးလို့ ဖြေကြတယ်။

ကဲ၊ နှစ်ခြင်းဆရာယောဟန်က သန့်ရှင်းသောဝိညာဉ်တော်အကြောင်း ဟောပါလျက်နဲ့ သူ့တပည့်တွေက သန့်ရှင်းသောဝိညာဉ်တော် မသိကြပါလား? (မဿဲ၃း၁၁) တဆင့်စကား တဆင့်နားနဲ့ပဲ နှစ်ခြင်းဆရာ ယောဟန်ရဲ့ တရားစကားအစစ်ဟာ ကွယ်ပျောက်ခဲ့ပုံ ရတယ်။ ဒါနဲ့ပဲ ခံယူမှုလွဲလာကြသူတွေဟာ ဧဝံဂေလိတရားကို ရှင်းရှင်းလေး ကြားရတော့တယ်။ နှစ်ခြင်းခံကြတယ်။ (အငယ်၅-၆) မှာ ပေါလုသည်လည်း သူတို့အပေါ်လက်ကိုတင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။

ဒီမှာလည်း ကျမ်းစာက ကောင်းကင်ဘာသာစကား (သို့) ဝမ်းသာလွန်းလို့ ပြောထွက်လာတဲ့ စကားတမျိုးလို့ မပြောဘူး။ လူမျိုးစကားတွေကိုပဲ ဆိုလိုတယ်။ ဧဖက်မြို့ဟာ ရောမအင်ပါယာရဲ့ ဒေသ အသီးသီး ကလာတဲ့လူတွေ နေကြတဲ့ လူမျိုးစု မြို့ကြီးတမြို့ ဖြစ်တယ်။ ဘယ်ဘာသာစကားတွေ ပြောတယ် လို့တော့ ကျမ်းစာက မဖေါ်ပြဘူး။ ဒါပေမယ့် တမျိုးမကဘူးဆိုတာတော့ ရှင်းရှင်းလေး ဖေါ်ပြထားတယ်။ “အမျိုးမျိုးသော ဘာသာစကားကိုပြော၍” တဲ့။ (အများဖြစ်တယ်။) အငယ် ၇ မှာ “အရေအတွက်အားဖြင့် တကျိပ်နှစ်ယောက် မျှလောက် ရှိသတည်း။”  အဲဒီခရစ်ယာန် လူသစ်တွေဟာ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ပရောဖက်ပြုတဲ့အခါ၊ ပြောတဲ့စကားတွေ ကလည်း ၁၂ မျိုးလောက် ကွဲနေနိုင်တယ်။

တမန်တော်ဝတ္ထုရဲ့ အဲဒီသုံးနေရာအပြင်၊ ရှင်ပေါလုက ဝိညာဉ်ဆုကျေးဇူးများအကြောင်း ပြောရာမှာ ဘာသာစကားတွေအကြောင်း ပြောထားသေးတယ်။ (၁ ကော ၁၂း၁-၁၄ နဲ့ ၁ကော ၁၄)  ၁ကော၁၄ ကို လေ့လာကြည့်ရင်၊ ပြောတဲ့ဘာသာစကားတွေဟာ ဝိညာဉ်စကား လို့ ပြောနေတဲ့ စကားမျိုးမဟုတ်သလို ကောင်းကင်ဘာသာစကားတွေလည်း မဟုတ်ဘူး။ ဗလုံးဗထွေးပြောတာ မဟုတ်သလို၊ လူ့နားနဲ့ မရင်းနှီးတဲ့ အသံထွက်တွေနဲ့ ဝူးဝူးဝါးဝါး ပြောတာလည်း မဟုတ်ဘူး။ ဒီအခန်းကြီးထဲမှာ“an unknown tongue” နားမလည်တဲ့စကား” လို့ ပြောရာမှာ unknown”နားမလည်” ဆိုတဲ့စကားကို စာလုံးစောင်းနဲ့ ရေးထားတယ်။ နားလည်ဖို့အတွက် ကျမ်းစာဘာသာပြန်ပေးသူတွေက အထောက်အကူပြု ထည့်ပေးတာပါ။ ဒီကျမ်းပိုဒ်မှာ တွေ့ရတဲ့ ဘာသာစကားဟာ အနားကလူတွေ နားမလည်တဲ့ လူမျိုးခြားစကားတွေသာ ဖြစ်တယ်။ အငယ် ၂၃ နဲ့ ၂၄ အားဖြင့် ပိုရှင်းနိုင်တယ်။ “ထိုကြောင့် အသင်းဝင်သူအပေါင်းတို့သည် စည်းဝေး၍ အခြားသော ဘာသာဖြင့် ဟောပြောလျက်နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်တို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည်မဟုတ်လော။ သို့မဟုတ်လျှင် သင်းဝင်သူအပေါင်းတို့သည် ပရောဖက်ပြု၍ နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်းဝင်သူ အပေါင်းတို့သည် သူ၏ အပြစ်ကို ဘော်ပြ၍ သူ့ကိုစစ်ကြောစီရင်ကြ၏။

စိတ်ထဲမြင်ယောင်ကြည့်ပါ။ အသင်းတော်တပါး ဝတ်ပြုကိုးကွယ်နေချိန်မှာ လူမျိုးခြား စကားမျိုးစုံ ပြောနေကြတယ်။ ပညာမတတ်၊ နားမလည်သူတချို့ ဝတ်ပြုကိုးကွယ်ဖို့ ရောက်လာတယ်။ ဘာသာစကားအမျိုးမျိုး ပြောတာကို ကြားနေရတယ်။ တယောက်တပေါက်နဲ့ ဆူညံနေတယ်ဆိုတော့ အရူးတွေလို့ မှတ်ချက်ချလိုက်တယ်။ ဒါပေမယ့် အသင်းသားတွေက လူမျိုးခြား စကားတွေမပြောဘဲ နားလည် လွယ်တဲ့စကားကို ပြောကြမယ်ဆိုရင် မယုံကြည်သူ၊ မသိနားမလည်တဲ့သူတွေပါ နားလည်ခွင့် ရသွားနိုင်တယ်။
အငယ်၂၃-၂၄ မှာ တွေ့ရတယ်။ “မတတ်သောသူသည်” ဆိုတဲ့ စကားကို သုံးထားတာက အံ့ဘွယ်ထူးခြားတဲ့ စကားမဟုတ်ဘဲ တတ်အောင်သင်ရင် ရတယ်ဆိုတဲ့ သဘောကို ပြနေတယ်။ လူမျိုးခြားစကားဆိုတာ သေသေချာချာ လေ့လာရင် တတ်နိုင်တယ်။ ၁ကော၁၄ မှာ တွေ့ရတဲ့ ဘာသာစကားတွေဟာ အံ့ဘွယ် ဆုကျေးဇူးတွေ ဖြစ်ခဲ့ရင် ပညာမတတ်သူ၊ နားမလည်သူတွေလည်း ရနိုင်မှာ ဖြစ်တယ်။ ဘာသာ စကားပြောခြင်းဟာ ဘုရားသခင်တပါးတည်း သိဖို့သာ နက်နဲတဲ့ စကားပြောခြင်းဖြစ်ခဲ့ရင် လေ့လာသင်ယူရုံနဲ့ ကောင်းကင်စကားကို နားလည်မှာ မဟုတ်ဘူး။ ဒါပေမယ့် လူမျိုးခြားစကားဆိုတာ သိနိုင်၊ ပြောနိုင်၊ သင်ယူနိုင်တယ်။ မတတ်သောသူ၊ နားမလည်ဘူးဆိုတဲ့ စကားက ဒီဘာသာစကားတွေဟာ သိနိုင်၊ နားလည်နိုင်တဲ့ သာမန်လူ့ဘာသာစကားတွေဆိုတာကို ဖော်ပြနေတယ်။ 

ကျမ်းစာထဲမှာပြောတဲ့ ဘာသာစကားဆိုတာ လူတွေ ပြောတဲ့စကား ဖြစ်တယ်။၁ကော၁၄ မှာတော့၊ ဘုရားကျောင်းတက်သူတချို့ နားမလည်တဲ့ လူမျိုးခြားစကားလို့ ဆိုလိုတယ်။
    (၂)  စိတ်ရင်း  The motive behind it
ဘာသာစကားပြောတာဟာ ကျမ်းစာထဲမှာ ၃ နေရာပဲ တွေ့ရတယ်။ တမန် ၂း ၁-၁၁၊ (၁၀း၄၄-၄၆) (၁၉း၁-၁၆
)

ဘာသာစကားပြောခြင်းနဲ့ ပတ်သက်တဲ့ အဓိကအရေးကြီးဆုံးကျမ်းပိုဒ်ဟာ တမန်၂း၁-၁၁ ဖြစ်တယ်။ အရေးကြီးရခြင်းရဲ့ ပထမ တချက်က ဓမ္မသစ်ကျမ်းမှာ ပထမဦးဆုံးတွေ့ရတဲ့ ဘာသာစကား ပြောခြင်းပါ။ ဒုတိယတချက်က တခြားနေရာတွေမှာထက်ပိုပြီး အကျယ် တဝင့် ပြောထားလို့ပါ။ တတိယတချက်က အံ့ဘွယ်ဆုကျေးဇူးတခုအဖြစ် အပြတ်ပြောလို့ရတဲ့  တခုတည်းသော အဖြစ်အပျက်ဖြစ်နေလို့ပါ။

တမန်၂း၄ မှာ “ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။

တမန် ၉ နဲ့ ၁၀ ဟာ ဘာသာစကားတွေ ပြောခဲ့တာကို မှတ်တမ်းတင်ထားတယ်။ ဒီဖြစ်ရပ်တွေမှာ ဘာသာစကား ပြောခဲ့တာဟာ အံ့ဩဘွယ်ရာဆုကျေးဇူးတခုဖြစ်ခဲ့တဲ့ သဘောမျိုး ပြောပြထားခြင်း မရှိဘူး။ တမန်၂း၄ မှာသာ “ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည် အတိုင်း” လို့ ပြောထားတယ်။

ဒါဆိုရင် ပင်တေကုတ္တေနေ့မှာ အံ့ဘွယ်ဆုကျေးဇူး ပေးခဲ့ခြင်းရဲ့နောက်ကွယ်က စိတ်ရင်း သဘောထားဟာ ဘာလဲ? ကယ်တင်ခြင်းမရသေးတဲ့ လူ ၃,၀၀၀ ရှိနေတယ်။ ဒီထက်ပိုများချင် များနိုင်တယ်။ အငယ် ၄၁ အရ “သူတို့သည်နှစ်ခြင်းခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် လူ သုံးထောင်မျှလောက်သော သူတို့သည် ဝင်ကြ၏။

ပင်တေကုတ္တေနေ့က ဘုရားသခင်မှာ အခက်အခဲတခုရှိတယ်။ ကယ်တင်ခြင်းမရတဲ့လူ ၃,၀၀၀ ရှိနေတယ်။ ဂါလိလဲလူတွေက ကယ်တင်ခြင်းအကြောင်း သိတယ်။ ရှင်းပြနိုင်စွမ်းရှိတယ်။ ဒါပေမယ့် နားထောင်မယ့် သူတွေရဲ့စကားကို မပြောတတ်ကြဘူး။ ဘုရားသခင် ကြုံနေရတဲ့အခက်အခဲက ဘာသာစကား အခက်အခဲပါ။ လူသုံးထောင်ကို ကယ်ချင်တယ်။ ပြောပြနိုင်သူတွေကလည်း နားထောင်သူတွေရဲ့ စကားကို မတတ်ကြ။ ဒါနဲ့ ဘုရားသခင်က သူတို့မသင်ခဲ့ဘူးတဲ့စကားတွေ ပြောခွင့်ပေးလိုက်တယ်။ တခြား ဘာသာ စကားတွေကို အံ့ဘွယ် ပြောကြတယ်။ တမန်၂း၄ မှာ “ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်။

လူမျိုးခြား ၁၆ မျိုးတို့ဟာ သူတို့ဘာသာစကားကိုယ်စီနဲ့ ဘုရားရဲ့ အံ့ဘွယ်အမှုတော်ကို ကြားရတယ်။ ပင်တေကုတ္တေနေ့မှာ အဲဒီ ဝိညာဉ်တော်ပြည့်ဝသူ ခရစ်ယာန်တွေဟာ သခင်ယေရှုအကြောင်းကို ဘာသာစကား ၁၆ မျိုးနဲ့ သက်သေခံတယ်။ ပါရှန်းစကားကအစ ကရေတေနဲ့ အာရေးဗီးယန်းစကား အထိပေါ့။ တမန်၂းရ-၁၁ မှာ “ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျက် ရှိ၍၊ ယခု ဟောပြော သောသူ အပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည်မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွားရာ ဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါ ဘာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ပုန္တုပြည်၊ အာရှိပြည်၊ ဖြူဂိပြည်၊ ဝမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌ နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးသီးဖြစ်ကြသော ငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားအားဖြင့် ဟောပြော ကြသည်ကို ကြားပါသည်တကားဟု အချင်းချင်း ပြောဆိုကြ၏။

သူတို့ဟာ ကယ်တင်ခြင်းတရား ကြားချိန်မှာ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးတယ်။ တမန် ၂း၄၁ မှာ “ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သောသူတို့သည် ဝင်ကြ၏။

ပင်တေကုတ္တေနေ့ရဲ့ အရေးကြီးတဲ့အကြောင်းအရာဟာ ဘာသာစကားပြောခြင်း မဟုတ်ဘူး။ လူသုံးထောင် ပြောင်းလဲခြင်းသာ ဖြစ်တယ်။ ဘာသာစကားပြောခြင်းအကြောင်း ပြတာမဟုတ်ဘူး၊ ဝိညာဉ် ကယ်တင်ခြင်း အကြောင်း ပြနေတာပါ။ ဘာသာစကား ပြောခြင်းက အဓိကမဟုတ်ဘူး။ အခြေအနေအရ ဖြစ်တာပါ။ အဓိကဖြစ်တဲ့ ဝိညာဉ်ကယ်တင်ခြင်းကို ကူညီပံ့ပိုးပေးရခြင်း ဖြစ်တယ်။

ဒါဟာ တမန် ၁း၈-မှာ သခင်ယေရှုပြောတဲ့စကားနဲ့ ကိုက်ညီတယ်။ ထိုသို့မရှိသော်လည်း၊ သင်တို့ပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့ မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

နှစ်ခြင်းဆရာယောဟန်ကလည်း လုကာ၁း၁၅-၁၆ မှာ “အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။ ဣသရေလ အမျိုးသား အများတို့ကို သူတို့ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။

ဘာသာစကားပြောတာကို အမွှမ်းတင်နေကြမယ်ဆိုရင် ဒေါ်လာတစ်သန်း(၁,၀၀၀,၀၀၀) ကို အညိုရောင်စက္ကူအိတ်ထဲမှာ ထည့်ပြီး လာပေးရင် ငွေတွေကိုထုတ်ပစ်၊ ဖြန့်ကြဲပစ်ပြီး အညိုရောင် စက္ကူအိတ် ရလို့ စိတ်လှုပ်ရှားနေသူနဲ့ တူလိမ့်မယ်။ စက္ကူအိတ်ဟာ ငွေပို့ဖို့၊ ထုတ်ပို့ရုံသက်သက်ပါ။ အရေးကြီးတာက ငွေပါ။ စက္ကူအိတ် မဟုတ်ဘူး။

ပင်တေကုတ္တေနေ့က ဘာသာစကားပြောခဲ့တာဟာ လူသုံးထောင်ပြောင်းလဲဖို့အတွက် ဟောမယ့်တရားကို  အထောက်အကူပြု ပံ့ပိုးပေးရတာသာ ဖြစ်တယ်။  လူသုံးထောင်ပြောင်းလဲတာဟာ တရားကို နားလည်စေတဲ့ဘာသာစကားက အဓိကမဟုတ်ဘူး။ တမန် ၂ မှာ ဘာသာစကားပြောရခြင်းရဲ့ အဓိကစိတ်ရင်း ရည်ရွယ်ချက်ဟာ လူတွေကယ်တင်ခြင်းရဖို့ပါ။
    (၃) နည်းလမ်း  The method for it 

တမန်တော်ဝတ္ထုထဲက ဖြစ်ရပ်သုံးခုအပြင် ဘာသာစကားပြောခြင်းအကြောင်း တွေ့ရတဲ့နေရာ ဓမ္မသစ်ကျမ်းမှာ ရှိသေးတယ်။ ၁ကော ၁၂း၁ ၄ မှာ ဝိညာဉ်ဆုကျေးဇူးအကြောင်း ရှင်ပေါလု ရှင်းပြထားတယ်။ အငယ် ၁၀ မှာ တခြားဆုကျေးဇူးတွေအပြင် “ဘာသာစကားအမျိုးမျိုး” လို့ တွေ့ရတယ်။ ကောရိန္သု အသင်းတော်ဟာ ဓမ္မသစ်ကျမ်းထဲမှာ ဘာသာစကားအမျိုးမျိုးပြောတဲ့ တခုတည်း သောအသင်းတော်ပါ။ မာကေဒေါနိပြည်၊ အာခိပြည်၊ ယုဒပြည်၊ ရှမာရိပြည်၊ အာရှ၊ ရောမနှင့် တခြားဒေသမှာ မတွေ့ရဘူး။

၁ကော၁၄ မှာ ဘာသာစကားပြောဖို့ အားပေးထားတာမျိုးမတွေ့ရဘဲ၊ ပြောနေသူတွေအပေါ် တားမြစ်မှုတွေ တသီကြီး ပေးထား တာ တွေ့ရတယ်။ ကောရိန္သုအသင်းတော်ရှိ ယုံကြည်သူတွေကို ဒီဆုကျေးဇူးကို လုပ်ဆောင်ဖို့ အားမပေးဘဲ၊ မလုပ်ဖို့ တားမြစ်နေတာသာ ဖြစ်တယ်။

၁ကော၁၄ မှာ တွေ့ရတဲ့ တားမြစ်ချက်တွေကို မပြောခင်၊ ၁ကော၁၄ မှာ ဘာသာစကား ပြောခြင်းဟာ တမန် ၂၊ ၉၊၁၀ တို့မှာ ပြောခြင်းနဲ့ မတူတဲ့အကြောင်းကို အရင်ပြောဖို့လိုမယ်။

တမန် ၂ မှာ တပည့်တော်တွေဟာ ပရိတ်သတ်ရဲ့ဘာသာစကားတွေနဲ့ ကယ်တင်ခြင်းတရား ဟောခြင်း ဖြစ်တယ်။ ကယ်တင်ခြင်းတရားကြားပြီး၊ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးကြတဲ့အတွက် လူ ၃,၀၀၀ ကယ်တင်ခြင်းရတယ်။ အဲဒီနေ့ကပြောတဲ့ ဘာသာစကားတွေဟာ ကြားရသူတွေ နားမလည်တဲ့ စကားမျိုး မဟုတ်ဘူး။

၁ကော ၁၄ မှာ တွေ့ရတဲ့ ဘာသာစကားပြောခြင်းကတော့ ပရိတ်သတ် နားမလည်ဘူး။ အသင်းတော်ကလူတွေ နားမလည်တဲ့ လူမျိုးခြားစကားတွေပါ။ သူတို့နားမလည်ဘူး။

ကဲ- ရှင်ပေါလုပြောတဲ့ တားမြစ်ချက်တွေကို လေ့လာရအောင်ပါ။
 (၁)   ပြောနေတာကို ကြားရသူတွေနားမလည်ခဲ့ရင်လူမျိုးခြားစကားဖြစ်ဖြစ်၊ ဘာစကားပဲဖြစ်ဖြစ် အသင်းတော်မှာမပြောပါနဲ့။ 

အခြားသောဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင် နှစ်ယောက်ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။ စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း ဘုရားသခင်အား၎င်း ပြောစေ။ ” ၁ကော ၁၄း၂၇ -၂၈။

 (၂)   ဝတ်ပြုစည်းဝေးမှာ အခြားသောဘာသာစကားကို နှစ်ယောက်(သို့) သုံးယောက်ထက် ပိုမပြောသင့်ဘူး။- 

အခြားသောဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင် နှစ်ယောက်ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကို ဘော်ပြစေ။ စကားပြန်မရှိလျှင်၊ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း ဘုရားသခင်အား ၎င်း ပြောစေ။” ၁ကော၁၄း၂၇

(၃) တကြိမ်၊ တယောက်သာ ပြောပါ။ တပြိုင်နက် နှစ်ယောက်၊ သုံးယောက် ပြောရင် ပရမ်းပတာ ဖြစ်တယ်။
 

တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။” (၁ကော ၁၄း၂၇) တယောက်ပြီး တယောက် အလှည့်နဲ့ပြောရမယ်။ တပြိုင်နက်တည်း နှစ်ယောက်မပြောရဘူး။

 (၄) ဝတ်ပြုစည်းဝေးမှာ အခြားသော ဘာသာစကားပြောလို့ ရှုပ်ထွေးမှု ဖြစ်လာရင် ဘုရားသခင်ကြောင့် မဟုတ်ဘူး။ 

ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော် အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။” (၁ကော ၁၄း၃၃)

 (၅) အသင်းတော်မှာ အမျိုးသမီးတွေဟာ နားမလည်တဲ့စကားကို ဘယ်တော့မှ မပြောရ။ 

သင်တို့၏မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာနေကြစေ။ သူတို့သည် ဟောပြောရသော အခွင့် မရှိကြ။ ပညတ်တရား စီရင်သည်အတိုင်း သူတို့သည် ယောကျာ်း၏ အုပ်စိုးခြင်းကို ဝန်ခံရကြမည်။ မိန်းမတို့သည် တစုံတခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ဟောပြောလျှင် ရှက်ဘွယ်သောအကြောင်းဖြစ်၏။” ၁ကော ၁၄း၃၄-၃၅

ဒီစကားဟာ နဲနဲထူးဆန်းတယ်။ ၁ကော ၁၁း၃-၁၀ မှာ အမျိုးသမီးတွေ အသင်းတော်မှာ ဆုတောင်းကြ၊ ပရောဖက်ပြုကြရင် အမျိုးသမီးတွေ ဘယ်လိုဝတ်စားရမယ်ဆိုတာ လမ်းညွှန်ချက် ပေးထားတယ်။ ဒီကျမ်းပိုဒ်က အမျိုးသမီးတွေ တရားမဟောရ၊ သင်းအုပ်မလုပ်ရလို့ ပြောတာမဟုတ်ဘူး။ ၁တိ၂း၁၂ မှာ ပြောပြီးသားပါ။ “မိန်းမသည် ဆုံးမဩဝါဒပေးခြင်း၊ ယောကျာ်းကိုအစိုးတရ ပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည်တတ်ဆိတ်စွာ နေအပ်၏။” ၁ကော ၁၄း၃၄-၃၅ မှာ အမျိုးသမီးတွေ စကားလုံးဝ မပြောဘဲ တိတ်တိတ်နေဖို့ ပြောပြန်တယ်။

သူရေးခဲ့တာကို သူမေ့သွားလို့လား? ညံ့များညံ့သလား? ကိုယ်ပြောပြီးတာကို ကိုယ်မသိ ဖြစ်နေတာလား? မဟုတ်ဘူး။ ဒီကျမ်းပိုဒ်တွေဟာ ဘာသာစကားပြောခြင်းအကြောင်း အခန်းကြီးထဲမှာ ရေးတာ ဖြစ်တယ်။ အသင်းတော်မှာ ဘာသာစကားပြောရင် အမျိုးသမီးတွေ တိတ်တိတ်နေဖို့ပြောတာပါ။ အခွင့်မပေးဘူး။

Dr. W. A. Chriswell  ပြောတာက ရှေးကောရိန္သုမြို့ကြီးရဲ့  ရှေ့မှာပင်လယ်ပြာကြီး ရှိတယ်။ အနောက်ဘက်မှာတော့ မြင့်မားလှတဲ့ အက်ခရို ကောရင်သပ်စ် တောင်တန်း ရှိတယ်။ အက်ခရိုပေါလစ် တောင်ဟာ အေသင်မြို့မှာရှိတဲ့ ပါသီနွံထက် ပို ကြီးမားထင်ရှားတယ်။ ကောရိန္သုမြို့ရှိ အက်ဖရိုဒိုက် နတ်ဘုရားကျောင်းက ကြီးကျယ်ထင်ရှားတယ်။ (လက်တင်လို- ဗီးနပ်စ် လို့ ခေါ်တယ်။) အလှနဲ့အချစ် ဂရိ နတ်ဘုရားမ ဖြစ်တယ်။ ကာမဂုဏ်ခံစားမှုတွေနဲ့ ဝတ်ပြုကိုးကွယ်တယ်။ သူတို့ထုံးစံအရ နတ်ဝင်သည် ပြည်တန်ဆာတွေဟာ အကြီးအကျယ် စိတ်လှုပ်ရှားမှုတွေနဲ့အတူ ကာမဂုဏ်ပျော်ပါးရင်း ကိုးကွယ်ကြတယ်။ နားမလည်တဲ့ စကားတွေပြောပြီး အမျိုးသမီးတွေ ပျော်ပါးကြတာဟာ ဂရိ-ရောမခေတ်ကာလမှာတော့ မြင်ဖူးနေကျ ဖြစ်ရပ်ပါ။ ဘာသာစကားပြောဆိုတာကို ရှင်ပေါလုမနှစ်သက်ခြင်းဟာ သဘာဝကျတယ်။ ဘုရားသားသမီးတွေ ဝတ်ပြုနေချိန်မှာ တစိမ်းတွေ ဖြတ်လျှောက်သွားလို့ အမျိုးသမီးတွေ နားမလည်တဲ့စကား ပြောနေတာကြားရရင် “ဒီနေရာက ဘာပါလိမ့် အက်ဖရိုဒိုက် ဘုရားကျောင်းလေးလား? ဝင်ပျော်ရအာင်ကွာ” လို့ အထင်မှားနိုင်တယ်။ ရှင်ပေါလုက လုံးဝ၊ လုံးဝ လက်မခံဘူး။ “ဘာသာစကားတွေ ပြောကြမယ်ဆိုရင် အမျိုးသမီးတွေ တိတ်တိတ်နေပါ။ ဘုရားကျောင်းထဲမှာ နားမလည်နိုင်တဲ့စကားတွေကို အမျိုးသမီးတွေ ပြောကြမယ်ဆိုရင် ရှက်စရာကောင်းတယ်။” လို့  ရှင်ပေါလု ပြောလိုတာပါ။

ဒီတားမြစ်ချက်ဟာ အခုချိန်ထိ တည်မြဲနေတယ်။ စိတ္တဇဆန်ဆန် အမျိုးသမီးတွေ ဘာသာစကား ပြောကြတာက ထာဝရဘုရား ရဲ့နာမတော်ကို ကဲ့ရဲ့စရာဖြစ်နေတယ်။

 (၆)  ပရိတ်သတ် နားလည်တဲ့စကားကိုဘဲ ပြောဖို့အားပေးတယ်၊၊

ငါသည်သင်တို့ရှိသမျှထက်၊ အခြားသောဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏။ သို့သော်လည်း၊ အသင်းတော်၌ အခြားသော ဘာသာစကားဖြင့် စကားတသောင်းကို ပြောနိုင်သည်ထက်၊ သူတပါးတို့ကို သွန်သင်ခြင်းငှါ စကားငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကို သာ၍အလိုရှိ၏။”  (၁ကော ၁၄း၁၈-၁၉)

၅ ခွန်းနဲ့ အခွန်းတသောင်း။ အရမ်းကွာလွန်းတယ်။ လူသာမန် အဆင်ခြင်ရှိသူဆိုရင်၊ နောင် ဆက်ပြောတော့မှာ မဟုတ်ဘူး။ အသင်းတော်မှာ ပြောခွင့်မရှိဘူး။

မကြာသေးခင်က ကျွန်တော့ကျမ်းစာအုပ်ရဲ့ ဘေးမှတ်စုမှာ ဘာသာစကားပြောခြင်းဟာ ဝတ်ပြုစည်းဝေးနဲ့ မသင့်တော်ကြောင်း အချက် (၅) ချက် ရေးမှတ်ထားလိုက်တယ်။
(၁) သာမန်အားဖြင့် နားမလည်နိုင်တဲ့အတွက် အကျိုးရှိအောင် ဘာသာပြန်သူ၊ အနက်ပြန်သူ လိုတယ်။ (၂)
  နားမလည်နိုင်တဲ့အတွက် ယုံကြည်သူတွေကို မတည်ဆောက်သလို၊ မယုံကြည်သူတွေကိုလည်း လန့်ပြီး ရှောင်သွားစေတယ်။
(၃)
  နားလည်တဲ့စကား ပြောရင် ရပါလျက်နဲ့ ဆင်ခြင်တုံမဲ့ အမူအယာနဲ့ ပြောနေကြတာဟာ စိတ်မမှန်ဘူး။ အရူးတွေလို့ မယုံကြည်သူတွေက မှတ်ချက်ချစေတယ်။
 (၄)  ဘာသာစကားပြောသူတိုင်းက ဝိညာဉ်တော်တန်ခိုးနဲ့ ပြောတယ်လို့ ဆိုနေကြတဲ့အတွက် ဘုရားသခင်ဟာ ရှုပ်ထွေးစေသူ လို့ ကြားရသူတွေက မှတ်ယူသွားနိုင်တယ်။
 (၅)  ဘုရားသခင်ရဲ့သက်သေခံချက်အားလုံးဟာ လူတွေအားလုံး နားလည်ရမယ်ဆိုတဲ့ ဘုရားရည်ရွယ်ချက်ကို အဆီးအတား အနှောင့်အယှက် ဖြစ်စေတယ်။

ဒီ မအူမလည်နည်းလမ်းကို ဘာကြောင့်သုံးမလဲ? ဘုရားသခင် မသုံးသလို၊ တမန်တော်တွေလည်း မသုံးခဲ့ဘူး။
     ၄၊၊  နားလည်လွဲမှုများ။ The misunderstandings about it

ဘာသာစကားပြောခြင်းနဲ့ ပတ်သက်တဲ့ နားလည်လွဲမှုတွေ အများကြီး ရှိပါတယ်။ တချို့က ဘာသာစကားပြောတာဟာ ဝိညာဉ်တော်ပြည့်ဝခြင်းရဲ့ သက်သေလို့ ပြောကြတယ်။ တချို့က ဘုရားသခင်ကို ပြောတဲ့ ဆုတောင်းတဲ့ ဘာသာစကားလို့ ဆိုတယ်။ တချို့ကလည်း ဝိညာဉ်လူဖြစ်ကြောင်းပြတဲ့ သက်သေလို့ ပြောနေပြန်ရော။ ဝိညာဉ်လူဖြစ်သွားရင် ဘာသာစကားတွေ ပြောလာလိမ့်မယ်လို့ ဆိုတယ်။

ဘာသာစကားပြောတာဟာ ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေဆိုတာ ဟုတ်သလား? ကျမ်းစာကို ကြည့်ပါ။ အဲဒီလို တခါမှ မပြောဖူးဘူး။ ပင်တေကုတ္တေနေ့ မတိုင်မှီဖြစ်စေ၊ နောက်ပိုင်းဖြစ်စေ၊ ဝိညာဉ်ဆုကျေးဇူး အကြောင်း ပြောရာမှာဖြစ်စေ ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေ (သို့)တစိတ်တပိုင်း ဖြစ်တယ်လို့ မပြောဘူး။ ဒီအယူအဆဟာ ဘုရားစကားအပေါ်မှာ အခြေခံတဲ့စကား မဟုတ်ဘူး။ နာမည်ကြီး ပင်တယ်ကော့စတယ်လ် စာရေးဆရာဖြစ်သူ သင်းအုပ်ဆရာ Donald Gee  က သူ့ရဲ့ “ဝိညာဉ်တော်နှစ်ခြင်းရဲ့ ကနဦးသက်သေဖြစ်တဲ့ ဘာသာစကားပြောခြင်း” ဆိုတဲ့ စာအုပ်ငယ်မှာ-

ဘာသာစကားပြောခြင်းဟာ ဝိညာဉ်တော်နှစ်ခြင်းရဲ့ ကနဦးသက်သေဆိုတဲ့အယူဟာ တမန်တော် ဝတ္ထုရဲ့ အဖြစ်တွေအပေါ်မှာ စုစည်းခံယူထားတာပါ။ အဲဒီသက်သေရဲ့ အမှတ်လက္ခဏာလို့ တိုက်ရိုက်ဖြစ်စေ၊ ပုံဆောင်ချက်အားဖြင့်ဖြစ်စေ၊ ဓမ္မသစ်ကျမ်းမှာ မတွေ့ရတဲ့ အတွက်၊ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ ခံယူချက်မှန်သမျှဟာ သူ့ဘောင်ကလေးအတွင်းမှာသာ ကန့်သတ်ခံယူကြဖို့ အရေးကြီးတယ်။” လို့ ဆိုတယ်။
ဘာသာစကားပြောခြင်းဟာ ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေမဟုတ်တဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်။

(၁) ကျမ်းစာက အဲဒီလို မပြောလို့ပါ။

(၂) အခြား သက်သေတမျိုးကိုသာ ဂတိပေးထားလို့ပါ။

တမန် ၁း၈ မှာ “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည် ဟု မိန့်တော်မူ၏။

ဒီကျမ်းချက်မှာ ဝိညာဉ်တော်ပြည့်ဝရင် သက်သေခံလိမ့်မယ်လို့ပဲ ပြောတယ်။ ဒါကြောင့်  တမန် ၂ မှာ ဝိညာဉ်တော်ပြည့်ပြီး ကယ်တင်ခြင်း ဟောတဲ့အတွက် လူ ၃,၀၀၀ ပြောင်းလဲခဲ့တယ်။

နှစ်ခြင်းဆရာယောဟန်အကြောင်းကို လုကာ ၁း၁၅၊၁၆ မှာ “ထိုသားသည်ထာဝရဘုရား ရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်လိမ့်မည်။ ဣသရေလအမျိုးသား အများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြောင်းလဲစေလိမ့်မည်။” နှစ်ခြင်းဆရာယောဟန်ဟာ အခြားသောဘာသာစကား ပြောတယ် လို့ ပြောမထားဘူး။ “ဣသရေလအမျိုးသား အများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြောင်းလဲစေလိမ့်မည်။” လို့ပဲ တွေ့ရတယ်။ ဝိညာဉ်တော်နဲ့ပြည့်ဝလာလို့ “လူများစွာကို ပြောင်းလဲစေသူ”  a great soul winner ဖြစ်လာတာပါ။ ဝိညာဉ်တော် ပြည့်ဝတဲ့ သက်သေဟာ ဝိညာဉ် ကယ်တင်ခြင်းသာ ဖြစ်တယ်။ ဘာသာစကား ပြောခြင်းမဟုတ်ဘူး။

 (၃)  ဝိညာဉ်တော်ပြည့်ဝသူတွေ ကျမ်းစာထဲမှာရှိပေမယ့် ဘာသာစကားကတော့ မပြောဘူး။

သခင်ယေရှု (လုကာ ၃း၂၂ နဲ့ တမန် ၁၀း၃၈) ။ နှစ်ခြင်းဆရာယောဟန် (လုကာ ၁း၁၅၊၁၆) ။ ရှမာရိပြည်က ပြောင်းလဲသူတွေ (တမန် ၈း၁၄-၁၇။ ရှင်ပေါလု တမန် ၉း၁၇)။

ဒီနေ့ခေတ်ရဲ့လူများစွာကို ပြောင်းလဲစေသူတွေဟာလည်း ဝိညာဉ်တော် ပြည့်ဝကြပေမယ့် ဘာသာစကား မပြောဘူး။ THE SWORD OF THE LORD မဂ္ဂဇင်းရဲ့ တည်ထောင်သူ အယ်ဒီတာ Dr. John R. Rice ဟာ ဝိညာဉ်တော် ပြည့်ဝသူဖြစ်တာ လူသိများတယ်။ ဒါပေမယ့် သူဟာ အခြားသော ဘာသာစကား မပြောဘူး။

အမေရိကန်ပြည်ရဲ့ အကြီးမားဆုံး Sunday School ရဲ့သင်းအုပ်ဆရာကြီး Dr. Jack Hyles ဟာ ဝိညာဉ်တော်ပြည့်ဝတာ ထင်ရှားတယ်။ သူလည်း တခါမှ အခြားသော ဘာသာစကား မပြောဘူး။ Tennessee ပြည်နယ်ရဲ့ အကြီးဆုံးအသင်းတော်ရဲ့ သင်းအုပ်ဆရာကြီး  Dr. Lee Roberson ဟာ သူ့အသက်တာမှာ ဝိညာဉ်တော် ပြည့်ဝတဲ့ အကြောင်းတွေ ဟောတယ်။ ဒါပေမယ့် သူလည်း ဘယ်တော့မှ အခြားသော ဘာသာစကား မပြောဘူး။

ဝိညာဉ်တော်နဲ့ ပြည့်ဝကြတဲ့ ဟိုတခေတ်က တရားဟောဆရာတွေ၊ ဧဝံဂေလိဆရာတွေ ဖြစ်တဲ့ Dwight L. Moody, Charles G. Finney,  R.A .Torrey,  John Wesley,  George Whitefield, Charles Haddon Spurgeon,  Billy Sunday,  J. Wilbur Chapman, George Truett, Gipsy Smith နဲ့ တခြားဆရာ အများအပြားဟာ အခြားသော ဘာသာစကား မပြောဘူး။

ဒါကြောင့် ဘုရားသခင်က ဝိညာဉ်တော်ပြည့်ဝတဲ့ သက်သေတမျိုး ပေးထားတဲ့အတွက်၊ ဘုရား မပြောဘဲ၊ အခြားသော ဘာသာ စကားဟာ ဝိညာဉ်တော်သက်သေလို့ ပြောတာဟာ မှားပါတယ်။

ဘာသာစကားနဲ့ပတ်သက်ပြီး နောက်ထပ်လွဲနေတာတခု ရှိသေးတယ်။ ဆုတောင်းတဲ့ ဘာသာစကားလို့ ပြောတာပါ။ ၁ကော ၁၄း၂ ကို အခြေယူတာပါ။ “အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရားသခင်အားပြော၏။ သူ၏ စကားကို အဘယ်သူမျှနားမလည်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့်ပြော၏။

နည်းနည်းလေ့လာလိုက်ရင် ရှင်းသွားမှာပါ။ ဒီကျမ်းချက်က အသင်းတော်မှာ လူမျိုးခြားစကား ပြောသူရှိလို့ ဘယ်သူမှနားမလည်ရင်၊ ဒါ လူကိုပြောတာမဟုတ်ဘူး၊ ဘုရားကိုပြောတာ။ ဆက်ရှင်းပြသေးတယ်။ “ဘယ်သူမှနားမလည်လို့” လို့ ပြောတယ်။ ဒီကျမ်းပိုဒ်က ဘုရားသာနားလည်တဲ့ ဘာသာစကားလို့ ပြောလိုတာ ဆိုလိုတာ မဟုတ်ဘူး။ နားမလည်တဲ့စကားဟာ နားထောင်သူ ကြားရသူတွေ နားမလည် (သို့) မကြားဖူး မသိဖူးကြတဲ့ နိုင်ငံခြား လူမျိုးခြားစကားတမျိုးပါ။

တရုတ်စကားနားမလည်တဲ့ အင်္ဂလိပ်စကားပြော ပရိတ်သတ်ကို ကျွန်တော်က တရုတ်လို ဟောရင် သူတို့ နားမလည်ကြတဲ့အတွက် သူတို့ကိုဟောတာ မဖြစ်တော့ဘူး။ ဘုရားကို ပြောတာပဲ ဖြစ်မယ်။ ဘုရားကတော့ ဘာသာစကားရှိသမျှကို နားလည်နေတာကိုး။ ဒီနေရာမှာပြာချင်တာက လူနားမလည်တဲ့ လူမျိုးခြားစကားတမျိုးသာဖြစ်ပြီး၊ ဘုရားပါမသိဖူးတဲ့ စကားမဟုတ်ဘူး။

မကြာသေးခင်က စားသောက်ဆိုင်ကြီးတခုမှာ ကျွန်တော်ဟာ လူတစုကြီးနားမှာ နေရာရတယ်။ သူတို့စကား ကျွန်တော်နားမလည်ဘူး။ စားနေရင်း သူတို့စကားလည်း နားလည်ချင်လာတယ်။ ဒါပေမယ့် ကျွန်တော် နားမလည်တဲ့ စကားဆိုတော့ ကျွန်တော့ကို ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့စကားကို ဘုရားက ကြားပြီး နားလည်နေတယ်။

ဆုတောင်းတဲ့ ဘာသာစကားရယ်လို့ သပ်သပ်မရှိဘူး။ ဘုရားက ဘာသာစကားအားလုံးကို နားလည်တယ်။ ဘုရားက အားလုံးသိတယ်။ ဘုရားနားမလည်တဲ့ စကားရယ်လို့ မရှိဘူး။ ပြောသမျှ ကြားနေတယ်။

တခါတုန်းက အင်္ဂလိပ်စကား နည်းနည်းပဲပြောတတ်တဲ့ အမျိုးသမီးတယောက်ကို ခရစ်တော်အကြောင်း ပြောဖူးတယ်။ ဆုတောင်း ဖို့ပြောတော့ သူက ဆုတောင်းလောက်အောင်တော့ အင်္ဂလိပ်လို မရဖူးလို့ ပြောတယ်။ သူ့စကားနဲ့ပဲ တောင်းပါလို့ ပြောတော့ သူ တောင်းတယ်။ သူပြောတာ ကျွန်တော် နားမလည်ဘူး။ ဘုရားသခင်ကတော့ နားလည်တာပေါ့။ သူဆုတောင်းပြီးတော့ မျက်နှာမှာ အပြုံးတွေ ဝေလာပြီး ကျွန်တော့ကို လက်ဆွဲနှုတ်ဆက်တယ်။ နောက်တပတ်တနင်္ဂနွေမှာ သူ့ကို အားရဝမ်းသာ နှစ်ခြင်းပေးရတယ်။ သစ္စာရှိတဲ့ အသင်းသားတယောက်အဖြစ် ပါဝင်လာတယ်။ ဆုတောင်းတဲ့ ဘာသာစကားလို့ တော့ မရှိဘူး။

ဘာသာစကားပြောတာဟာ ဝိညာဉ်သဘောရှိတာလို့ ထင်မြင်သူတွေလည်း ရှိတယ်။ ဒါဟာ နားလည်လွဲတာပါ။ ဘာသာစကား ပြောတဲ့ အသင်းတော်ရယ်လို့ ကျမ်းစာထဲမှာ ကောရိန္သု အသင်းတော်ပဲ ရှိတယ်။ ကောရိန္သုအသင်းတော်ဟာ ဇာတိအသင်းတော်၊ ဝိညာဉ် သဘောမရှိဘူးလို့ ကျမ်းစာကပဲ သေသေချာချာ ပြောထားတာပါ။ “ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ၊ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။ ယခုပင်လည်း၊ ဇာတိပကတိ လူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူ ဖြစ်ကြသည်မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည်မဟုတ်လော။” ၁ကော ၃း၂၊၃

ကြေခဲတဲ့အစာမစားနိုင်လို့၊ နို့ပဲတိုက်ထားရသူတွေပါ။ သူတို့ထဲက တချို့တွေဟာ ရှင်ပေါလုကို ဒုက္ခပေးကြ၊ တိုက်ခိုက်ကြသူတွေပါ။ (၁ကော ၄း၁၈) သူတို့ထဲကတယောက်ဟာ ကာမဂုဏ်ဖေါက်ပြန်သူပါ။ မိထွေးနဲ့ မှားယွင်းသူပါ။ အသင်းတော်ကလည်း အထင်အရှား လက်ခံ ထားတာပါ။ (၁ကော၅း၁) အသင်းသားတွေဟာ တယောက်နဲ့တယောက် တရားစွဲနေကြတယ်။ (၁ကော ၆း၁-၈) တချို့အသင်းသားတွေက ရုပ်တုကို ပူဇော်တဲ့ယဇ်သားတွေ စားတယ်။ (၁ကော ၈)  ပွဲတော်ဝင်ချိန်မှာလည်း ကွဲပြားမှုတွေ၊ အယူလွဲမှုတွေ ရှိတယ်။ တချို့က ပွဲတော်မှာ သောက်စားချင်လို့ လာတယ်။ (၁ကော ၁၁း၁၇-၂၁) တချို့က ထမြောက်ခြင်းကို ငြင်းပယ်နေကြသူတွေပါ။ (၁ကော ၁၅း၁၂)

ဘာသာစကားပြောတယ်လို့ တပါးတည်း မှတ်တမ်းတင်ခဲ့ရတဲ့ အဲဒီအသင်းတော်ဟာ ဇာတိအသင်းတော်ပါ။ ဒါကြောင့် ဘာသာစကားပြောတာဟာ ဝိညာဉ်တော်သဘောရှိတာ မဟုတ်ဘူး။

ကဲ- နိဂုံးချုပ်အနေနဲ့
  - - -

ယုံကြည်သူတိုင်း ဝိညာဉ်တော်ပြည့်ဝဖို့ တိုက်တွန်းချင်တယ်။ ဝိညာဉ်တော်မပြည့်ဝဘဲ ဘုရားအလုပ် လုပ်ဖို့ဆိုတာ ဒီရေကို နောက်ပြန်သွားဖို့ ခံရင်းခွနဲ့ တားသလိုဖြစ်နေမယ်။

ဝိညာဉ်တော်ပြည့်ဝလာရင် ကိုယ့်ဘဝရဲ့အချိန်တွေကို လူတွေပြောင်းလဲဖို့ အသုံးပြုလိမ့်မယ်။ ဝိညာဉ်တော် ဒီလောကကို ကြွလာရတဲ့ အဓိကအကြောင်းရင်းက “ဥပဇ္စျာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။” (ယော ၁၆း၈)

လူစကားဘဲဖြစ်ဖြစ်၊ ကောင်းကင်တမန်စကားဘဲဖြစ်ဖြစ် ပြောနေပြီးတော့ ဝိညာဉ်တွေမရ၊ လူတွေ မပြောင်းလဲရင် ဘာအကျိုး ရှိမလဲ? လူ့ပညာနဲ့ပဲ ဖြစ်ဖြစ်၊ အံ့ဘွယ်နမိတ်ကြောင့်ပဲဖြစ်ဖြစ်၊ စကားအခွန်း တဒါဇင်လောက်ပြောပြီး ကယ်တင်ခြင်းအကြောင်းတော့ ဘယ်သူ့ကိုမှ ရှင်းမပြရင် ဘယ်လိုလုပ် ကယ်တင်ခြင်း ရကြပါ့မလဲ?
ဝိညာဉ်တော်နဲ့ပြည့်ဝပြီး ၊ ဝိညာဉ်တွေကိုကယ်တင်ကြပါ။
                

















No comments:

Post a Comment