Saturday, March 30, 2013

01. What Is A Believer? ယုံကြည်သူ ဆိုတာ - - - ?

Dr. Curtis Hutson

---------------------------------------------------------------------------------------------------

ခန်း

--------------------------------------------------------------------------------------------------

ယုံကြည်သူဆိုတာ 
  သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်။” ယော ၃: ၃၆ ။

ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမလဲ? နှုတ်ကပတ်တော်မှာ  အဖြေရှိပါတယ်။
တမန် ၁၆း ၃၀- ၃၁ - မှာ ဖိလိပ္ပိထောင်မှူးကြီးက ရှင်ပေါလုနဲ့ သိလကို မေးတယ်။
 သခင်တို့ ၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ ပြုရပါမည်နည်း။” သူတို့က “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။” လို့ ဖြေတယ်။

ထောင်မှူးက “ ကယ်တင်ခြင်းရဖို့ မရှိမဖြစ်၊ အလိုအပ်ဆုံးအရာက ဘာပါလဲ” လို့မေးတာပါ။ ကျမ်းစာက “သခင်ယေရှုခရစ်ကို ယုံကြည်ပါ” လို့ဖြေတယ်။

ယော ၃: ၃၆ မှာ သခင်ယေရှုက လူအုပ်စု နှစ်စု ခွဲထားတယ်။ “သားတော်ကို ယုံကြည်သော သူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်််တည်နေသည်။”  သားတော်ကို ယုံကြည်တဲ့သူတွေနဲ့ သားတော်ကို မယုံကြည်တဲ့ သူတွေ  ဖြစ်တယ်။ ယုံကြည်သူက ဘုရားဂတိတော်အရ ထာဝရအသက်ရတယ်။ မယုံကြည်သူက အသက်ကို မတွေ့ရဘူး။ သူတို့အပေါ်မှာ ဘုရားအမျက်တော်ပဲ တည်နေတယ်။

ယော ၃: ၁၈ မှာ သခင်ယေရှုက လောကလူတွေကို အုပ်စုနှစ်စု ထပ်ခွဲပြန်တယ်။ “သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ (စီရင်ချက်နဲ့ လွတ်တယ်) မယုံကြည်သောသူမူကား ၊ ဘုရားသခင်၌ တစ်ပါးတည်းသော သားတော်ကို ၊ မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။” ဒီမှာလည်း တစ်ခါ သခင်ယေရှုက ယုံကြည်သူနဲ့ မယုံကြည်သူဆိုပြီး အုပ်စုနှစ်စု ရှိတယ် လို့ ပြောထားပြန်တယ်။ ယုံကြည်သူတွေအတွက် စီရင်ချက် ရုပ်သိမ်းလိုက်ပြီ။ စီရင်ခြင်း မခံရတော့ဘူး။ မယုံကြည်သူတွေကတော့ အပြစ်စီရင်ချက်ရဲ့ အောက်မှာရှိတယ်။ အပြစ်ဒဏ်က ဒုတိယသေခြင်းပါ။ ဘုရားသခင်ရဲ့ တစ်ပါးတည်းသော သားတော်ကို မယုံကြည်လို့ ဖြစ်ရတာပါ။

ဂလာတိ ၃: ၂၆ မှာ ကျမ်းစာက “ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်  ဘုရားသခင်၏ သားဖြစ်ကြ၏။” ဒီကျမ်းပိုဒ်က ဘုရားသားသမီးတိုင်းဟာ ယုံကြည်ခြင်းအားဖြင့် ဘုရားသားဖြစ်ရတယ်လို့  ပြောပါတယ်။  ရောမ ၅: ၁ က. . . “ ထို့ကြောင့် ၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။”

ကယ်တင်ခြင်းမှာ  ယုံကြည်ခြင်းက အဓိကပဲလို့ ပြောပြနေတဲ့ ကျမ်းချက်ပေါင်း အနည်းဆုံး ၁၅၃ ချက်လောက် ရှိပါတယ်။ မာကု ၁၆း ၁၆ က - - “မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကိုခံရလတံ့။ ဒါကြောင့် ကျမ်းစာအရဆိုရင်၊ ကယ်တင်ခြင်းရဲ့ အဓိကအချက်ဟာ သခင်ယေရှုကို ယုံကြည်ခြင်းပါဘဲ။

“Saving Faith ” ဆိုတဲ့ “ ကယ်တင်ခြင်းသို့ ရောက်စေသော ယုံကြည်ခြင်း” လို့ ဟောနေတဲ့ ၊ တရားဒေသနာတွေကို ကျွန်တော်အများကြီး ကြားဖူး ဖတ်ဖူးတယ်။ ကျမ်းစာ ကတော့ ယုံကြည်ခြင်း Faith ရဲ့ ရှေ့မှာ ကယ်တင်ခြင်းသို့ ရောက်စေသောဆိုတဲ့ Saving ကို ထည့်မထားပါဘူး။ ယုံကြည်ခြင်းက ကယ်တင်ရှင် မဟုတ်ဘူး။ သခင်ယေရှုကသာ ကယ်တင်ရှင်ပါ။  ယုံကြည်ခြင်းဆိုတာက သခင်ယေရှု ကယ်တာကို ဝိညာဉ်က တုန့်ပြန်တာပါ။

“ယုံပါ - ကယ်တင်ခြင်းရမယ်” လို့ ကျမ်းစာက ပြောလေ့မရှိဘူး။ အမြဲသတိနဲ့ ပြောနေတာက “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ - - သင်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်လို့ သာပြောပါတယ်။ ဒါမှ မဟုတ် - - “သားတော်ကို  ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ - - ” ဒါမှမဟုတ် - - “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏” လို့ပဲ ပြောပါတယ်။ ယုံကြည်ခြင်းကို ဖြစ်စေတဲ့အရာ ၊ ယုံကြည်ခံအရာဟာ အရေးကြီးတယ်။ အမှားကို ယုံတဲ့ ယုံကြည်ခြင်းဟာ ပျက်စီးခြင်းကိုသာ ပို့ပါလိမ့်မယ်။

အခု ကယ်တင်ခြင်းမှာ အဓိက ဆုံးဖြတ်တဲ့အရာဟာ ယုံကြည်ခြင်းဆိုတော့ -  ယုံကြည်ခြင်း ဆိုတာ ဘာလဲလို့ သိဖို့ အရေးကြီးလာတယ်။ ကျွန်တော် သိသလောက်တော့ ယုံကြည်ခြင်းရဲ့ အနက်ကို ကျမ်းစာမှာ တစ်ခါပဲ တွေ့ရတယ်။  ဟေဗြဲ ၁၁း ၁ ပါ။ ဒါပေမယ့် ယုံကြည်ခြင်းကို ပုံဖေါ်ပြတာ ကျမ်းစာထဲမှာ အများကြီးရှိတယ်။ အကောင်းဆုံးတစ်ချက်ကတော့ ဟေဗြဲ ၁၂: ၂ ပါ။ အဲဒီမှာ -- သခင်ယေရှုကို စေ့စေ့ ထောက်ရှု့ကြကုန်အံ့ ” “Looking unto Jesus ” - - -  (သခင်ယေရှုကို မျှော်ကြည့်နေကြစို့)။

I – Faith  is  not  Looking  Jesus  but  Looking  unto  Jesus.
(
) ယုံကြည်ခြင်းဟာ သခင်ယေရှုကို ကြည့်တာမဟုတ်ဘူး။ သခင်ယေရှုကို မြော်ကြည့်ခြင်းသာ ဖြစ်တယ်။

သခင်ယေရှုခရစ်ဟာ တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ပါး ဆိုတာ လူတိုင်း လက်ခံကြမှာပါ။ နေ့စွဲ - - ရက်စွဲတစ်ခုကို ရေးမှတ်တဲ့  အခါတိုင်း သခင်ယေရှု ရှိခဲ့ဖူးတာကို ဝန်ခံနေကြရတယ်။ ယုံကြည်ခြင်းဆိုတာ သခင်ယေရှုကို သမိုင်းဝင် ပုဂ္ဂိုလ်တစ်ပါးအဖြစ် ကြည့်တာ မဟုတ်ဘူး။

ယာကုပ် ၂: ၁၉ က - - “နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။” နတ်ဆိုးတွေ ပင်လျှင်၊ သခင်ယေရှု တကယ်ရှိတာကို ဝန်ခံရတယ်။ တမန် ၁၉း ၁၅ မှာ လူထဲမှာ စွဲတဲ့ နတ်ဆိုးက - - “ယေရှုကို ငါသိ၏။  ပေါလုကိုလည်း ငါသိ၏။ သင်တို့ကား အဘယ်သူနည်း” ..တဲ့။ ယုံကြည်ခြင်းဆိုတာ - - သခင်ယေရှုကို ကြည့်လိုက်တာ မဟုတ်ဘူး။ သခင်ယေရှုကို မြော်ကြည့်တာပါ။ သခင်ယေရှုကို မှီခိုတယ်လို့ ပြောလိုပါတယ်။ 

ဆိုပါစို့၊ ငွေချေးဖို့ လူတယောက်က ခင်ဗျားကို အာမခံမှာ အတူ  လက်မှတ်ထိုးပေးထားတယ်။ ပေးချေဖို့ ပျက်ကွက်ရင်၊ အာဏာပိုင်တွေက ထောင်ချမှာဘဲ။ ပေးချေဖို့ရက် နီးလာပြီ။ ပေးဖို့ ငွေကလည်း မရှိ ဆိုပါစို့။ အဲဒီမှာ အတူ အာမခံထိုးပေးထားတဲ့ လူဆီသွားပြီးတော့ “ငါတော့ ဒုက္ခဘဲကွာ။ ငါ့အတွက် မင်းလည်း လက်မှတ် ကူထိုးပေးထားတယ်နော်။ ပေးရမဲ့ ရက်လည်းနီးပြီ - ပေးလည်းမပေးနိုင် ဖြစ်နေပြီ - -” လို့ပြောရင် အဲဒီမိတ်ဆွေက - “အဲဒီအတွက် မစိုးရိမ်ပါနဲ့ကွာ၊ ဒီမှာ ငါ့ကိုကြည့်စမ်း” လို့ဖြေမယ်။ “ငါ့ကို အားကိုးစမ်းပါကွာ၊ ငါပေးလိုက်မယ်” လို့ ဆိုလိုတာပါ။

ကျွန်တော်တို့မှာ အပြစ်ကြွေးတစ်ခု တင်နေတယ်လို့၊ သခင်ယေရှုခရစ်က ပြောတယ်၊ ရောမ ၆း ၂၃ က “အပြစ်တရား၏ အခကား သေခြင်းပေတည်း” တဲ့။ သခင်ယေရှုက ဒီအပြစ်ကြွေးတွေကို ကျွန်တော်တို့ ကိုယ်တိုင်ဆပ်ရရင် သေပြီး ငရဲမှာ၊ ထာဝရသွားနေဖို့ပဲလို့ ပြောတယ်။ ပြီးတော့မှ - “အဲဒီအတွက် မစိုးရိမ်ပါနဲ့၊ ငါ့ကိုသာ အားကိုးပါ မြော်ကြည့်လိုက်စမ်းပါ” လို့ ပြောနေတာပါ။

ဟေရှာယ ၅၃း ၆ မှာ - “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်မှာ ဘုရားသခင်က ခင်ဗျား ကျူးလွန်ခဲ့တဲ့၊ နောင် ကျူးလွန်မိဦးမယ့်၊ အပြစ်ရှိသမျှတွေကို ယူပြီး သခင်ယေရှုရဲ့အပေါ်မှာ ဘုရားတန်ခိုးနဲ့ တင်ထားလိုက်တယ်။ ခင်ဗျားရဲ့ အပြစ်တွေကိုသခင်ယေရှုက သူ့ခန္ဓာကိုယ်ပေါ်မှာ တင်ယူထားချိန်မှာ၊ ဘုရားသခင်က သခင်ယေရှုကို အပြစ်သား ခင်ဗျားရဲ့ အပြစ်ကြွေးတွေကို ပေးဆပ်ဖို့ ကိုယ်စားနေရာယူ အပြစ်ပေးလိုက်ပါပြီ။

ကားတိုင်ပေါ်မှာနေရစဉ်၊ သခင်ယေရှုဟာ စကား(၇)ခွန်း ပြောခဲ့တယ်။ (၆) ခွန်းမြောက် စကားက “It is Finished” အမှုပြီးပြီ” - ထပ်ဖြည့်စရာ မလိုတော့ဘူး။ ထပ်နှုတ်စရာလည်း မလိုတော့ဘူး။ ပြည့်စုံပြီ။

သခင်ယေရှု အသေခံပေးခြင်းဟာ အပြစ်တွေအတွက် အပြည့်အဝ ပေးချေလိုက်ပြီ။ အခု ကိုယ်တော်က လူတိုင်းကို “ ငါ့ကိုကြည့်စမ်း၊ ငါ မင်းအတွက် ကားတိုင်မှာ အသေခံခဲ့တယ်ဆိုတာ ယုံပါ။ မင်းအပြစ်ကြွေးကို ငါပေးဆပ်ခဲ့တယ်လို့ ယုံပါ။ ငါ့ကိုကြည့်စမ်း၊ ဒါဆို ပြီးပြီဘဲ။” လို့ ပြောနေတယ်။

ယုံကြည်ခြင်းဆိုတာ သခင်ယေရှုကို ကြည့်ရုံ ကြည့်ရတာမဟုတ်ဘူး။ သခင်ယေရှုကို မြော်ကြည့်တာပါ။ သခင်ယေရှုကို မှီခိုတာပါ။ သခင်ယေရှုကို အားပြုတာပါ။ ကယ်တင်ခြင်းခံရဖို့အတွက်  သူ့လက်တော်ထဲမှာ အပ်ထားပြီး ကောင်းကင်ရောက်ဖို့ သူ့ကို အားကိုးလိုက်တာပါဘဲ။

2   Faith is Looking away from everything and Looking only to Jesus.
     
ယုံကြည်ခြင်းဟာ တခြားအရာတွေ မကြည့်တော့ပဲ သခင်ယေရှုကိုသာ ကြည့်ခြင်းပါ။

Martin Luther က ဟေဗြဲ ၁၂း ၂ ကို “Off-looking unto Jesus - - ” သခင်ယေရှုကိုသာ
စေ့စေ့ကြည့်ခြင်း လို့ ဘာသာပြန်တယ်။ တခြားအရာတွေကို ကြည့်မနေတော့ပဲ၊ သခင်ယေရှုကိုသာ ကြည့်လိုက်ခြင်း လို့ ဆိုတယ်။ ကိုယ့်လုပ်တာတွေကို မကြည့်တော့ဘူး။

ကောင်းကင်ရောက်ဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လောက်ကြာအောင် လုပ်ရမယ် လို့ ထင်သလဲ? ဗျာဒိတ်ကျမ်း ၂၁ နဲ့ ၂၂ ကို ဖတ်ကြည့်လိုက်ပါ။ သမ္မာကျမ်းစာက ကောင်းကင် လမ်းမတွေဟာ ရွှေစင်နဲ့ ခင်းတယ်။ မှန်ပြင်လိုဘဲ ကြည်လင်တယ်။ အဲဒီလောက် ကြည်လင်အောင် လောကမှာ လုပ်လို့ မရဘူး။ ဘဝအပြန် ဆယ်သန်း အလုပ်လုပ်ရင်တောင် ကောင်းကင်ဘုံလို နေရာရဖို့ မဖြစ်နိုင်ဘူး။ သမ္မာကျမ်းစာက ဧဖက် ၂း ၈-၉ မှာ “ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွား စရာအခွင့်မရှိ။”

ပြီးတော့ စဉ်းစားကြည့်ပါ။ လူတယောက်က ငရဲက လွတ်ဘို့ ကြိုးစားကြည့်မယ်ဆိုရင်၊ စိတ်ရင်းခံက သူ့ကြိုးစားမှုကို မှန်ကန်တဲ့ အကျိုးပေးလိမ့်မယ်။ သူကြိုးစားကျင့်တာက ကြောက်လို့ ဆိုတဲ့ စိတ်ရင်းကြောင့်ပါ။ ၁ကော ၁၃- အရ ကျင့်သမျှဟာ မေတ္တာကြောင့်ဖြစ်နေရမယ်။ အငယ် ၃ မှာ ရှင်ပေါလုက “သူတပါးကို ငါ ကျွေးမွေး၍၊ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင် ငါ၌အကျိုးမရှိ” လို့ ဆိုတယ်။

ဒါကြောင့် ငရဲကလွတ်ဖို့ ကြိုးစားကျင့်မယ်ဆိုရင် သူ့စိတ်ရင်းက သူ့ပြန် ထိနေလိမ့်မယ်။

တခါတုန်းက တရားဟောဆရာကြီးတယောက်ကို လူငယ်လေးတယောက်က မေးတယ်။ “ကယ်တင်ခံရဘို့ ဘာလုပ်ရမလဲ” တဲ့ ။ ဆရာကြီးက “သား၊ မင်းသိပ်နောက် ကျသွားပြီ” လို့ ဖြေတယ်။ ကောင်လေးက “ဗျာ၊ “သိပ်နောက်ကျသွားပြီ ဟုတ်လား” လို့ အံ့ဩသွားတယ်။ ဆရာကြီးက “မဟုတ်ဘူးကွ၊ တခုခုလုပ်ဖို့ နောက်ကျနေတာ၊ သခင်ယေရှုက လွန်ခဲ့တဲ့ အနှစ် နှစ်ထောင်ကတည်းက အားလုံးလုပ်ပေးခဲ့ပြီပဲ”  လို့ ဖြေတယ်။ အကျင့်ကောင်းတွေ ရှိသင့်ပေမယ့်၊ ကယ်တင်ခြင်းခံရဖို့ အတွက်တော့ မဖြစ်သင့်ဘူး။ အကယ်ခံဖို့ ကျင့်တာ ကြိုးစားကြတာ မဟုတ်ဘူး။ အကယ်ခံရပြီးလို့ ကျင့်ကြတာပါ။ ဆိုတော့ - - -  

သခင်ဘုရား လုပ်ပေးသွားပြီ။
ကယ်တင်ခြင်းရဖို့ မကျင့်တော့ဘူး။
သားတော်ဘုရားကို ချစ်တဲ့စိတ်ကြောင့်သာ၊ ကျွန်တယောက်လို ကျင့်နေမှာ။

“Off–looking unto Jesus” သခင်ယေရှုကိုသာ စေ့စေ့ကြည့်ခြင်း ဆိုတာဟာ ၊  ကိုယ့်အကျင့်၊ ကိုယ့်ကောင်းကွက်တွေကို မကြည့်ဘဲ သခင်ယေရှုကိုသာ ကြည့်ခြင်းဖြစ်တယ်။ ကျွန်တော် ကောင်းကောင်း နေတယ်။ ကိုယ်ရောစိတ်ပါ သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ် တတ်နိုင်သမျှ ထားတယ်။ ဒါပေမယ့် ငါတို့ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ဂရုဏာတော်နှင့်အညီ၊ ဒုတိယမွေးခြင်း နှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၄င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်၄င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။” တိတု ၃း ၅။ ဟေရှာယ ၆၄း ၆ မှာတော့ - - “ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့် တူကြပါ၏။” အဲဒီမှာ သမ္မာကျမ်းစာက လုပ်သမျှ အဆိုးဆုံးတွေ လို့ ပြောတာမဟုတ်ဘူး။ လုပ်သမျှ အကောင်းဆုံးတွေဟာ ညစ်သောအဝတ်နဲ့ တူတယ်လို့ ပြောတာပါ။ ကောင်းကင်ရောက်ဖို့ စင်းလုံးချော ကောင်းနိုင်တဲ့သူ မရှိဘူး။ စုံလင်သင့်ပေမယ့်၊ စုံလင်သူဆိုတာ မရှိဘူး။

မက်သဒစ် ဧဝံဂေလိ တရားဟောဆရာ Sam Jones က ပရိတ်သတ်ကို တစ်ခါက မေးတယ်။ “စုံလင်တဲ့သူကို တွေ့ဖူးသူ ရှိသလား? ” အမျိုးသမီးတစ်ယောက်က လက်ပြတယ်။

ဟုတ်ပြီ - စုံလင်တဲ့သူကို ခင်ဗျားတွေ့ဖူးသလား”

ဟုတ်ကဲ့ - ကျွန်မ တစ်ခါမှတော့ မတွေ့ဖူးဘူး။ ဒါပေမယ့် ကျွန်မယောက်ျားက အဲဒီ အမျိုးသမီးအကြောင်း အမြဲပြောပြတယ်။ သူ့ရဲ့ အရင်မိန်းမပါ ” တဲ့။

တကယ်တော့ ဘယ်သူမှ မစုံလင်ဘူး။ သခင်ယေရှုက “ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ၊ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်း။” (မာကု ၂: ၁၇) ယုံကြည်ခြင်းဆိုတာ ကိုယ့်ကောင်းကွက်ကို မကြည့်ဘဲ သခင် ယေရှုကိုသာ ကြည့်ခြင်းပါ။ အကယ်ခံရဖို့ ဆိုပြီး ပိုကောင်း မလာနိုင်ဘူး။ ပိုကောင်းလာဖို့ သခင်ယေရှုကို ကြည့်ခြင်းပါ။ ကယ်တင်ခြင်းရဖို့ လူဟာ ပိုကောင်း မလာနိုင်ဘူး။ ပိုကောင်းလာဖို့သာ အကယ်ခံရကြတာပါ။ ကယ်တင်ခြင်း မခံရမချင်း၊ ကောင်းမလာ နိုင်ဘူး။

ကျွန်တော်ကြိုက်တဲ့ သီချင်းကလေးထဲက စာသားတပိုဒ်က - - -
ငါမြော်လင့်ခြင်း အမြစ်တည်ရာ
ခရစ်တော်၏ အသွေးမြတ်သာ၊
ငါ၏ကျင့်ဝတ် မှီဖွယ်မရှိ
နာမတော် ကုသိုလ်အောင်သတည်း။

သခင်ယေရှုကို စေ့စေ့ကြည့်တယ်ဆိုတာ အသင်းဝင်ဖြစ်တာကို မကြည့်ဘဲ၊ သခင်ယေရှုကိုသာ ကြည့်ခြင်း ဖြစ်တယ်။ သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် လက်ခံသူတိုင်းဟာ အသင်းတော်တစ်ပါးမှာ ပါ၀င်သင့်တယ်။ ဒါပေမယ့် ခရစ်ယာန်ဖြစ်ဖို့ အသင်းတော်မှာ ပါ၀င်တာမဟုတ်ဘူး။ အသင်းတော်မှာ ပါ၀င်တာနဲ့ ခရစ်ယာန် ဖြစ်လာမှာ မဟုတ်ဘူး။ ကားဂိုဒေါင်ထဲဝင်ပြီး ပြန်ထွက်လိုက်ရုံနဲ့ ခင်ဗျားကိုယ်တိုင် ကားတစီး ဖြစ်မသွားဘူး။  ကျွန်တော်ဟာ အသင်းတော်တစ်ပါးရဲ့ အသင်းဝင်တစ်ယောက်ပါ။ အကယ်ခံရပြီးသူတိုင်း၊ ကျမ်းစာကို ဦးထိပ်ထားတဲ့ အသင်းတော်တစ်ပါးပါးမှာ ပါ၀င်သင့်တယ်။ တမန် ၂း ၄၁ က - - “ထိုစကားကို အသင့် နှလုံးသွင်းမိသောသူတို့သည် နှစ်ခြင်းကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့်၊ သုံးထောင်မျှလောက်သော သူတို့သည် ၀င်ကြ၏။”

တစ်ဖက်မှာလည်း လူတစ်ယောက်ဟာ ကောင်းကင်ရောက်ဖို့ ဆိုပြီး၊ အသင်းတော်မှာ ပါ၀င်တာကို အမှီပြုနေမယ်ဆိုရင်၊ ပါဝင်လျက်နဲ့ ငရဲသွားရလိမ့်မယ်။ မဿဲ ရး၂၂ - ၂၃ မှာ - - သခင်ယေရှုက - - “ထိုနေ့၌ကား သခင်၊ သခင်၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော၊ ကိုယ်တော် အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ် လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်၊ ထိုသို့လျှောက်ကြသောအခါ၊ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့ကို အတိအလင်းငါ ပြောမည်။”

သမ္မာကျမ်းစာအရ လူအများဟာ အသင်းသားဖြစ်လျက်၊ ကြိုးစားကျင့်လျက်နဲ့ တစ်ချို့ဆိုရင် တရားတွေဟော၊ သခင်ယေရှုနာမ၌ ကြိုတင် နိမိတ်ဖတ်ဟောလျက်နဲ့ပဲ၊ ကောင်းကင်မရောက်ပါဘူး။ သူတို့ ကောင်းကင်မရောက်တာဟာ၊ ယေရှုခရစ်ကို လုံးလုံးအပြည့်အဝ အားမကိုးဘဲ၊ ကိုယ့်အကျင့်တွေကို အားကိုး လို့ပါ။

“Off looking unto Jesus ”. သခင်ယေရှုကိုသာ စေ့စေ့ကြည့်ခြင်းဆိုတာဟာ၊ ကိုယ် နှစ်ခြင်းခံတာကို မကြည့်ဘဲ သခင်ယေရှုကိုသာ ကြည့်ခြင်းဖြစ်တယ်။ လက်ထပ်အပြီးမှာ လက်စွပ်  စွပ်လိုက်တာနဲ့ တူတယ်။ လက်စွပ်က လက်ထပ်ပေးတာ မဟုတ်ဘူး၊ လက်ထပ်ပြီးကြောင်း ပြတာသာ ဖြစ်တယ်။ အကယ်ခံရဖို့ နှစ်ခြင်းခံတာ မဟုတ်ဘူး။ ခရစ်တော်ရဲ့အသေခံခြင်း၊ င်္သဂြိုလ်ခြင်း၊ ရှင်ပြန် ထမြောက်ခြင်းတွေကို ယုံတယ်ဆိုတာ၊ တစ်ခြားသူတွေကို သက်သေပြခြင်းသာ ဖြစ်တယ်။

ကောင်းကင်ရောက်ဖို့ နှစ်ခြင်းကို အားကိုးနေသူဟာ၊ နှစ်ခြင်းခံထားပေမယ့်၊ ငရဲသွားရမှာဘဲ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ - ယော ၃: ၃၆ (ခ) ကြောင့်ပါ။ “သားတော်ကို ပယ်သောသူ (မယုံကြည်သောသူ) မူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်။”

မိတ်ဆွေ - ယေရှုခရစ်က “သားတော်ကို အားမကိုး၊ အမှီမပြု၊ မယုံကြည်ရင် အသက်ကို မတွေ့ရဘူး။ ဘုရားအမျက်တော် သင့်အပေါ်တည်နေတယ်။ အသင်းဝင်ဖြစ်တာ (သို့) နှစ်ခြင်းခံတာ (သို့) ပြုပြင်ပြောင်းလဲတာ (သို့) သခင်ယေရှုအစား တစ်ခြားအရာတစ်ခုခုကို အားကိုးသူဟာ ကောင်းကင် မရောက်ဘူး လို့ ပြောတယ်။ ယောဟန် ၃: ၁၈ က - -“သားတော်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့်၊ ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏”။ ခရစ်တော်ကို တစ်ဝက်၊ ပြီးတော့ အခြားအရာတွေကို တစ်ဝက် ယုံသူတွေအတွက် ဘာဂတိတော်မှ မရှိပါဘူး။

တစ်ချို့ကမေးတယ်။ - - “ဒါပေမယ့် ကျမ်းစာက - မာကု ၁၆: ၁၆ မှာ “ယုံကြည်၍ နှစ်ခြင်းကို ခံသောသူသည်၊ ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ ” လို့ ပြောထားတယ် မဟုတ်လားတဲ့။ ဟုတ်ပါတယ်၊ ဒါပေမယ့် နောက်ထပ်ဆက်ပြောနေတာက - “မယုံကြည်သောသူမူကား၊ အပြစ်စီရင်ခြင်းကို ခံရလတံ့” - တွေ့တယ်နော်? ယုံကြည်ခြင်းက၊ အဓိက ဆုံးဖြတ်ချက်ပေးတဲ့ အချက်ပဲ။ နှစ်ခြင်းခံတာက ဆုံးဖြတ်ပေးတာ မဟုတ်ဘူး။ ဘာနဲ့တူသလဲဆိုတော့ “ဂျက်လေယာဉ်ပျံထဲ လိုက်ပါသောသူသည် ထိုင်ပြီး Florida ဖလော်ရီဒါ ပြည်နယ်  Jacksonville  (ဂျက်ဆင်ဗေးလ်) မြို့သို့ ပျံသန်းလိုက်လိမ့်မည်။ သို့သော် လေယာဉ်ပျံထဲ မလိုက်ပါက  Jacksonville  ဂျက်ဆင်ဗေးလ်မြို့သို့မရောက်” လို့ ပြောတဲ့သဘောပါ။ ရောက်ဖို့က အတူ လိုက်ဖို့ဘဲ။ ထိုင်တာနဲ့ မဆိုင်ဘူး။ ဒါပေမယ့် အားလုံးသိပါတယ်။ အတူလိုက်ပါ သူဟာ ထိုင်တော့ ထိုင်သင့်တာပေါ့။

ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် အားကိုးရင် နှစ်ခြင်းခံသင့်ပါတယ်။ ဒါပေမယ့် နှစ်ခြင်းခံလို့၊ အကယ်တင်ရတာလို့ မထင်သင့်ဘူး။ ဒီလိုထင်ရင်တော့ ယေရှုခရစ်ကို အားကိုးတာမဟုတ်ပဲ၊ နှစ်ခြင်းခံတာကို အားကိုးတာ ဖြစ်နေပြီ။ ယုံကြည်ခြင်းဆိုတာ တစ်ခြားဘာကိုမှမကြည့်ဘဲ သခင်ယေရှု တစ်ပါးတည်းကိုသာ ကြည့်ခြင်းပါ။

III      Faith is not experiencing a feeling but relying on a fact.
       
ယုံကြည်ခြင်းဟာ ခံစားချက်အပေါ်မှာ မူမတည်ဘဲ၊ တကယ့်ဖြစ်ရပ်အပေါ်မှာ အမှီပြုထားခြင်းသာ ဖြစ်ပါတယ်။      

ကယ်တင်ခြင်းရချိန်မှာ သင့်လျော်တဲ့ ခံစားချက်တွေ မခံစားရမိဘူးလို့ ထင်တဲ့အတွက်၊ ကယ်တင်ခြင်းရ -မရ သံသယရှိနေသူတွေ တွေ့ဖူးတယ်။ အကယ်ခံရဖို့ လူတစ်ယောက်ဟာ ဘယ်လို ခံစားချက်မျိုး ခံစားရမယ်လို့ သမ္မာကျမ်းစာမှာ အတိအကျရေးထားတဲ့ ကျမ်းပိုဒ် တစ်ပိုဒ်မှ မတွေ့ရဘူး။ ဒါကြောင့် ကျမ်းစာက ကယ်တင်ခြင်းရဖို့ ဘယ်လိုခံစားချက်ရှိရမယ် လို့ တစ်ခါမှ မပြောဘူး၊ တမန် ၁၆: ၃၁ - မှာ “သခင်ယေရှုခရစ်ကို ယုံကြည်လော့၊ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်”

လက်ထပ်ပြီးစမှာ ကျွန်တော့အမျိုးသမီးအိမ်ကို ကားနဲ့ ပြန်ကြတယ်။ အိမ်ဝင်းထဲမှာ မိတ်ဆွေတွေ ရှိတယ်။ ကားထဲကထွက်တော့ - တစ်ယောက်က မေးတယ်။ “လက်ထပ်တာ ဘယ်လို ခံစားရသလဲ?”

လက်မထပ်ခင်တုန်းက လိုပဲ ခံစားရတယ်” လို့ ဖြေလိုက်တယ်။ ဘာမှ မခံစားရခဲ့ပေမယ့်၊ အကြီးအကျယ် ခံစားရသူတွေလိုပဲ၊ ဒါလည်း လက်ထပ်တာပါပဲ။ ဖြစ်ရပ်တစ်ခုကို ကြုံတဲ့သူတွေ တုန့်ပြန်ပုံချင်း မတူကြဘူး။ တစ်ည နိုးထမှုတရားပွဲတစ်ခုကအပြန် ကျွန်တော်တို့ ကားရဲ့ရှေ့က ကားတစ်စီး အရှိန်နဲ့ ကွေ့ဝင်လာတယ်။ အတော်များများ အကြီးအကျယ် ဒဏ်ရာရကြတယ်။ အဲဒီဖြစ်ရပ်မှာ တစ်ချို့ ငိုကြ၊ အော်ကြတယ်။ တစ်ချို့ပြေးပြီး အကူအညီတောင်းကြတယ်။ တစ်ချို့ကတော့ မျက်နှာကို လက်နဲ့အုပ်လို့၊ အမျိုးသမီး တစ်ယောက်ကတော့ တုန်လှုပ်ခြောက်ချားနေတယ်။ အားလုံးဟာ ဖြစ်ရပ်တစ်ခုကို အတူတွေ့ကြ၊ အတူကြုံကြပေမယ့် တုန့်ပြန်ပုံက တစ်မျိုးစီပါ။

ခရစ်တော်ကို အားကိုးတုန်းမှာ ငိုသူတွေ တွေ့ဖူးတယ်။ ပြုံးသူတွေရှိသလို ရယ်သူတွေလည်း ရှိတယ်။ တစ်ချို့ဆို ထအော်ကြတယ်။ ဒါပေမယ့် ကြုံတဲ့ဖြစ်ရပ်ကတော့ တစ်ခုတည်းပါ။ အားလုံးဟာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုးကြတာပါ။ ယုံကြည်ခြင်းဟာ ထူးခြားတဲ့အတွေ့အကြုံ တစ်ချို့ကို ခံစားခြင်း မဟုတ်ဘူး။ ဖြစ်ရပ်တခု အပေါ် အမှီပြုကြတာပါ။ အဲဒီဖြစ်ရပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ တုန်းက ယေရှုခရစ်က ကျွန်တော်တို့အတွက် အသေခံပေးတယ်။ အပြစ်တွေကို သူ့အပေါ်မှာ ယူဆောင်တယ်။ အပြစ်ကြွေးတွေ အတွက် ကျွန်တော်တို့နေရာမှာ သားတော်ကို ဘုရားသခင်က အစားထိုး အပြစ်ပေးခဲ့တယ်။ ဒါကို ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဒါဟာ တကယ့်ဖြစ်ရပ်ပါ။ ကျွန်တော်တို့ လုပ်ရမှာက ဒီဖြစ်ရပ်ကို ယုံကြည်ပါ။ အကယ်ခံရဖို့ သူ လုပ်ဆောင်ပေးတာကို လက်ခံ၊ သူ့ကို အားကိုးဖို့၊ မှီခို အားပြုဖို့ပါဘဲ။ ခရစ်ယာန်မဟုတ်သေးဘူး၊ ခရစ်ယာန်ဖြစ်ချင်တယ်ဆိုရင်တော့ အခုလို ရိုးရိုးလေး ဆုတောင်းနိုင်ပါတယ်။

သခင်ယေရှုဘုရား၊ ကျွန်တော် အပြစ်သားပါ။

ကျွန်တော့အတွက် အသေခံပေးတာကို ယုံပါတယ်။

ကယ်တင်ရှင်အဖြစ် ကိုယ်တော်ကို အားကိုးပါပြီ။

အခုကစပြီး ကောင်းကင်ရောက်ဖို့ အတွက် ကိုယ်တော်ကို အားကိုးပါပြီ။

ခရစ်ယာန်ကောင်း တယောက်အဖြစ် ကိုယ်တော်အတွက် အသက်ရှင်ဖို့မစတော်မူပါ။”

ဒီလို ဆုတောင်းပြီးရင် ကျမ်းစာမှာ ဘုရားသခင်ပြောထားတဲ့အတိုင်း ကယ်တင်ခံရဖို့ ယေရှုခရစ်ကို အားကိုးတဲ့အတွက် ထာဝရအသက်ရပြီလို့ လက်ခံလိုက်ပါ။ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။” (ယော ၃း ၃၆)

ခံစားချက်တွေရှိရှိ၊ မရှိရှိ ဘုရားပြောတာကို လက်ခံဖို့ပါဘဲ။ ဆုံးဖြတ်ချက်ကို တစ်ခါချပြီး၊ ခရစ်တော်ကို အားကိုးလိုက်တာနဲ့ ခံစားချက်တချို့ ဝင်လာနိုင်ပါတယ်။ ဒါပေမယ့် ခံစားချက် လာလာ၊ မလာလာ ဘုရားစကားတော်ကတော့ မှန်နေမြဲဘဲ။ ဘုရားသခင် မညာဘူး။

ကိုယ်တော်ကို အားကိုးတဲ့အချိန်မှာ ထာဝရအသက် ရတယ်။ ကယ်တင်ခြင်းကို ဆုံးဖြတ်ချက် ပေးတဲ့ အချက်က သခင်ယေရှုခရစ်ကို ယုံကြည်ခြင်း၊ အားကိုးခြင်း၊ မှီခိုခြင်းပါဘဲ။

F.G Pentecost - က“ ၂ နဲ့ ၂ ပေါင်းရင် ၄။ ဒါက သင်္ချာ။ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်က ရေကို ဖြစ်စေတယ်။ အဲဒါ ဓါတုဗေဒ။ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” အဲဒါ ဘုရားစကားလို့ ပြောဖူးတယ်။

အဲဒါ ဘယ်လိုလုပ်သိလဲလို့  ခင်ဗျားမေးဦးမလား” လို့ ဆရာ Pentecost- က ပြောတယ်။
သူက “ ဟုတ်ကဲ့ - - မှန်- မမှန် ကိုယ်တိုင်အဖြေရှာပါ။ နှစ် နဲ့ နှစ်ပေါင်းကြည့် - လေး - မရလား? ပြီးတော့ သခင်ယေရှုခရစ်ကို ယုံကြည်လိုက်၊ ကဲ.. ကြည့်၊ ခင်ဗျား ကယ်တင်ခြင်းမရပဲ နေမလား?
                            
F.G Pentecost - က “၂ နဲ့ ၂ ပေါင်းရင် ၄။ ဒါက သင်္ချာ။ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်က ရေကို ဖြစ်စေတယ်။ အဲဒါ ဓါတုဗေဒ။ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” အဲဒါ ဘုရားစကားလို့ ပြောဖူးတယ်။

အဲဒါ ဘယ်လိုလုပ်သိလဲလို့  ခင်ဗျား မေးဦးမလား” လို့ ဆရာ Pentecost- က ပြောတယ်။
သူက “ ဟုတ်ကဲ့ - - မှန်- မမှန် ကိုယ်တိုင်အဖြေရှာပါ။ နှစ် နဲ့ နှစ်ပေါင်းကြည့် - လေး - မရလား? ပြီးတော့ သခင်ယေရှုခရစ်ကို ယုံကြည်လိုက်၊ ကဲ.. ကြည့်၊ ခင်ဗျား ကယ်တင်ခြင်းမရပဲ နေမလား?
                            
No comments:

Post a Comment