သမ္မာကျမ်းစာထဲရှိ ဣသရေလလူမျိုးရဲ့ ရန်သူများ
ဒီနေ့ ယုံကြည်သူတွေ၊ လူသားတွေ တွေ့ရတဲ့ အခက်အခဲများ၊ ရုန်းကန်ရတာတွေကို ပုံဆောင်ပါတယ်။
၁။ ဗာဗုလုန် (Babylon)
ဗာဗုလုန်လူမျိုးဟာ
ရှေမအနွယ် (Shemitic origin) ဖြစ်ပြီး ကမ္ဘာ့ ပထမအကြီးဆုံးဖြစ်တဲ့
ဗာဗုလုန် အင်ပါယာကို တည်ထောင်ခဲ့ကြတယ်။ ဗာဗုလုန်မြို့တံခါးဟာ ကြေးဝါရောင်
တောက်ပပြီး၊ မြို့ရိုးပေါ်မှာ ရထား ၄ စီး အပြိုင်မောင်းရအောင် ကျယ်တယ်။
ဗာဗုလုန်ပြည်မှာ
ကောင်းတာတခု ရှိတယ်။ စစ်သုံ့ပန်းတွေကို တသက်တာ နှိပ်ကွပ်ထားတာ မလုပ်ဘဲ
အရည်အချင်းအလိုက် နေရာပေးတယ်။ နန်းတော်ထဲရှိ ဝန်ကြီးရာထူးအထိ နေရာ ရကြတယ်။
တချို့အတုအယောင်
ဆရာတွေက ဗာဗုလုန်ကို တော်လှန်ဖို့ နှိုးဆော်ပေမယ့် စစ်မှန်တဲ့
ပရောဖက်တွေကို ဘုရားသခင်စေလွှတ်ပြီး အနှစ် ၇၀ ကြာမယ်၊ အိမ်ဆောက်ကြ၊
အိမ်ထောင်ပြုကြ၊ စီးပွါးရှာကြလို့ ဟောပြောစေတယ်။
ဗာဗုလုန်ရဲ့
အားနည်းချက်က နိုင်ငံရေးနဲ့ ဘာသာရေးကို ရောထွေးခြင်းပဲ။ လူမျိုးရေး
မခွဲခြားပေမယ့် အာဏာကြီးထွားလာတဲ့အခါ ဘဝင်မြင့်လာတယ်။ ဘုရင် နေဗုခနေဇာရဲ့
ရုပ်တုကို ထုလုပ်ပြီး တတိုင်းပြည်လုံးကို ကိုးကွယ်စေတယ်။ မှားစေတယ်။
မကိုးကွယ်သူကို ပြစ်ဒဏ်ပေးတယ်။ ဒါဟာ ရွံရှာစရာ ရောနှောခြင်းဖြစ်တယ်။
သူ့ကို
ဗျာဒိတ်ကျမ်းမှာ ဗာဗုလုန် - ပြည့်တန်ဆာမကြီးလို့ ခေါ်တယ်။ လူမျိုးရေး၊
ဘာသာရေး၊ နိုင်ငံရေးတွေဟာ သပ်သပ်စီ ထားရပါတယ်။ ရောလိုက်တဲ့အခါ
ရွံစရာဖြစ်သွားတယ်။
၂။ အီဂျစ်ပြည်
မောရှေက
ဣသရေလ (အစ္စရေး) လူမျိုးတွေကို ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့ရတယ်။
အစ္စရေးတွေ အီဂျစ်ပြည်မှာ ကျွန်ခံရတာက စစ်တိုက် ကျွန်ပြု သိမ်းပိုက်ခံရတာ
မဟုတ်ဘူး။ အီဂျစ်ပြုမှာ ရောက်သွားရင်း ကျွန်ပြုခံရတာပါ။
အီဂျစ်ပြည်ဟာ
လောကနဲ့ လောကီအရာတွေကို ပုံဆောင်ပါတယ်။ လောကမှာကျင်လည်ရင်း အလိုလို
လောကဒဏ်ကို ခံစားကြရတာပါ။ ဒါပေမယ့် တခုထူးခြားတာက မောရှေအားဖြင့်ပေးတဲ့
ဘုရားသခင်ရဲ့ ပညတ်တော်ထဲမှာ "အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌
သင်သည် ကျွန်ခံခဲ့ဘူးပြီ။" (တရားဟော ၂၃: ၇) ဒါကြောင့် လောကဒဏ်ကို
ခံစားရလိုံဆိုပြီး လောကကြီးနဲ့ လောကီသားတွေကို မုန်းဖို့ မဟုတ်ပါဘူး။
"လောကီသားတို့နှင့် အလျဉ်းမပေါင်းဖေါ်ရဟု မဆိုလို။ ထိုသို့ဆိုလျှင်
သင်တို့သည် လောကီမှ ထွက်သွားကြရမည်။" ၁ ကော ၅: ၁၀။
၃။ အာမလက် လူမျိုး (Amalek)
အာမလက်
လူမျိုးဟာ အသွေးအသားကို ပုံဆောင်တယ်။ အစ္စရေးလူမျိုးတွေ အီဂျစ်ပြည်ကနေ
ထွက်လာရာမှာ အာမလက်တွေက ဆီးကြို တိုက်ခိုက်တယ်။ လောကီတပ်မက်မှုတွေကနေ
ရုန်းထွက်ရာမှာ အသွေးအသားက ကောင်းကောင်း ဒုက္ခပေးပါတယ်။ "ကောင်းကင်အောက်၌
အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟုမောရှေအား မိန့်တော်မူ၏။"
(ထွက်မြောက် ၁၇: ၁၄)
လူကို ဖန်ဆင်းရာမှာ အသွေးအသားဟာ မပါမဖြစ်ပါ။
အသွေးအသားဟာ ဘဝရဲ့ တစိတ်တပိုင်းပဲ ဖြစ်သင့်ပေမယ့် လူတချို့မှာ
တဘဝလုံးဖြစ်နေတယ်။ ဘုရားနဲ့ဝေးဖို့လည်း အသွေးအသားက တိုက်ခိုက်တယ်။
ဒါကြောင့် ကောင်းကင်မှာ အသွေးအသား တပ်မက်မှု မလိုတော့ဘူး။ ပယ်ရှင်းမယ်လို့
ဆိုထားပါတယ်။
၄။ ဖိလိတ္တိ လူမျိုး (Philistines)
Philistia
ဆိုတဲ့ ဒေသကို အစွဲပြုပြီး ဖိလိတ္တိလူမျိုးလို့ အမည်တွင်လာတယ်။ အဲဒီကနေမှ
ဒီနေ့ခေတ် ပါလက်စတိုင်း လူမျိုးဖြစ်လာပါတယ်။ ဓမ္မဟောင်းကျမ်းမှာ သူ့ကို
"အရေဖျားလှီးခြင်းမခံတဲ့ လူမျိုး" လို့ ခေါ်တယ်။ (သူကြီး ၁၅: ၁၈။ ၅ ရာ ၁၀:
၄ ... စသည်ဖြင့်) ဧဒုံ၊ အာမုန်၊ မောဘနဲ့အီဂျစ်လူမျိုးတွေက
အရေဖျားလှီးကြတယ်။ (ယေရမိ ၉: ၂၅- ၂၆)
ဖိလိတ္တိတွေဟာ B.C ၁၂
ရာစုလောက်မှာ ပါလက်စတိုင်းကို ရောက်လာတဲ့ ပင်လယ်ရေကြောင်းသွားသူတွေ
ဖြစ်ပြီး၊ ဂရိယဉ်ကျေးမှုကို သယ်ယူလာကြတယ်။ သူ့နေရာဟာ အစ္စရေးရဲ့
တခြားဒေသတွေလို တောင်ကုန်းတောင်တန်းတွေ မရှိတဲ့ ပင်လယ်ကမ်းခြေ၊
မြေကောင်းလို့ ချမ်းသာကြတယ်။ သံထည်၊ ပန်းပဲအတတ် ကျွမ်းကျင်ကြတယ်။ (၁ ရာ ၁၃:
၁၉- ၂၂)
ဘာသာစကားကတော့ ရှေမအနွယ်ဖြစ်တဲ့အတွက် အစ္စရေးတို့နဲ့
သိပ်ကွာပုံမရပါဘူး။ ဘာသာရေးကတော့ ဒါဂုံ၊ အာရှတရက်နဲ့ ဗေလဇေဗု တို့ကို
ကိုးကွယ်ခဲ့ကြတယ်။ (အားလုံးဟာ ရှေမစကားနဲ့ မှည့်ထားတဲ့ နာမည်တွေ ဖြစ်တယ်။)
ရှေးဟောင်း
အနုလက်ရာတွေအရ ဖိလိတ္တိတွေဟာ အရက်အလွန်သောက်သူတွေ ဖြစ်တယ်။ ပန်းပဲအတတ်ကို
ထိန်းချုပ်ထားတဲ့အတွက် အစ္စရေးတို့ကို လက်နက်မဲ့စေခဲ့တယ်။
ရှောလုမင်းလက်ထက်မှာ ရှောလုနဲ့ သားယောနသန်သာ ဓါးရှိခဲ့တယ်။ ကျန်သူတွေ
ဓါးမရှိခဲ့ကြပါ။ (၁ ရာ ၁၃: ၁၉- ၂၂) ဒီနေ့ခေတ်မှာလည်း ဘာသာတရားတခုတည်းပဲ
ပြောပြီး တြခားအရာတွေကို လောကီအရာလို့ပြောပြီး ပစ်ပယ်ရင် နောက်ကျပြီး
မအောင်မြင်နိုင်ပါ။
No comments:
Post a Comment