Unchanging Love -- မပြောင်းလဲတဲ့ အချစ်
ဘုရားသခင်ရဲ့မေတ္တာဆိုတာ အဖေတယောက်ရဲ့ အချစ်မျိုးနဲ့ တူတယ်။ လူတွေဟာ
ပျောက်သောသားလို အချစ်စစ်ကို ပစ်ပယ်ပြီး ပုန်ကန်နေချင်သူတွေပါ။ ဒါပေမယ့်
ဘုရားမေတ္တာက ဘယ်ခါမှ မပြောင်းလဲဘူး။ လူတွေ ထွက်ပြေးပေမယ့်လည်း
ဘုရားမေတ္တာက ကြည့်ရှု စောင့်ရှောက်နေဆဲပဲ။ ဘုရားရဲ့ဝိညာဉ်က ရှာဖွေနေဆဲပဲ။
ပြန်လှည့်လာကြရင်တော့ သနားစိတ်နဲ့ ခွင့်လွတ်စမြဲပါ။ အဲဒီတော့ ပြန်လာဖို့ပဲ
လိုတယ်။
F.B. Meyer ( အက်၊ ဘီ၊ မေယာ ) က သူငယ်စဉ်က အကြောင်းကလေးတခု
ပြောပြဖူးတယ်။ တနေ့မှာ သူဟာ ဆိုးဝါးတဲ့ အမှားတခု လုပ်မိတယ်။ ဖုန်းထားပေမယ့်
အဖေ သိသွားတယ်။ အဖေက "သား၊ ဒီလိုအမှားကျူးလွန်သူဟာ ငါ့အိမ်ရိပ်မှာ
မအိပ်ရဘူး။ ညကျရင် စပါးကျီထဲမှာ သွားအိပ် " လို့ ပြောတယ်။
အဖေ့ကို ပြန်ငြင်းတာထက် နားထောင်လိုက်တာ ပိုကောင်းတယ်လို့ F.B. Meyer
သဘောပေါက်တယ်။ ဒါကြောင့် ဒီတညတော့ ကောက်ရိုးပုံမှာ အိပ်ဖို့ ပြင်လိုက်ရတယ်။
ဒါပေမယ့် သူအိပ်မရဘူး၊ လူးလိမ့်နေတယ်။ သူ့အမှားက ဘုရားတရား ကြည်ညိုတဲ့
အဖေ့နှလုံးသားကို ကြေကွဲစေပြီဆိုတာ တွေးမိရင်း ရင်နာနေတယ်။
နောက်တော့ ညသန်းကောင်အချိန်မှာ ကောက်ရိုးစဉ်ပေါ် လူတယောက် တက်လာသံ ကြားလိုက်ရတယ်။ လူရိပ်ကို ကြည့်မိတော့ အဖေ့ကိုယ်ရိပ် ဖြစ်နေတယ်။
" အိပ်ပြီလားသား" လို့ အဖေက ငြင်ငြင်သာသာ မေးလာတယ်။
" ဟင့်အင်း၊ ဖေဖေ " လို့ သားက ပြန်ဖြေတယ်။
"
အေး၊ ငါလည်း အိပ်မရဘူး၊ အခု မင်းအပေါ်ချတဲ့ အပြစ်ဒဏ်တော့
အဖေစိတ်ပြောင်းပြီ မထင်နဲ့။ ငါ ပြောထားတဲ့အတိုင်းပါပဲ၊ ဒီလိုအမှားကို
ကျူးလွန်ပြီး၊ ငါအိမ်ရိပ်မှာ ဘယ်သူမှ မအိပ်ရဘူး။ ဒါပေမယ့် ငါမင်းနဲ့
လာမအိပ်ရဘူးလို့ ငါပြောမထားဘူး။ ဒါကြောင့်၊ ဟိုဖက်ရွေ့သား၊ အဖေ့လက်ပေါ်မှာ
မင်းခေါင်းကို မှီ၊ အတူအိပ်ကြတာပေါ့။ " လို့ ပြောလာတယ်။
ဒါနဲ့ F.B. Meyer ခဏ အိပ်ပျော်သွားတယ်။ သူ့အဖေ သူ့ကို ချစ်နေသေးတော့ အားလုံး အဆင်ပြေပါတယ်။
ဘုရားသခင်ကလည်း သင့်ကို ချစ်နေပါသေးတယ်။ အပြစ်ကိုတော့ ရွံတာပေါ့။
အဲဒီအပြစ်အတွက် သူ့ရဲ့သားတော် သခင်ယေရှုက အသေခံပေးခဲ့ပါပြီ။ ဘုရားသခင်ကို
အားကိုးရင်၊ ဘုရားသခင်ဆင်းလာပြီး သင်နဲ့အတူ နေပေးမှာပါ။ အပြစ်ကြောင့်
စိတ်ကြေကွဲရတာကို ဘုရား လက်တော်ပေါ်မှာ မှီလိုက်ပါ။ ဒါဆိုရင် "ဝိညာဉ်ကို
ကောင်းကင်ငြိမ်အေးရာမှာ မှီထားလိုက်ပြီ" လို့ ပြောနိုင်ပြီပေါ့။
အခုပဲ ဘုရားသခင်ထံ လှည့်ပြန်လာပါတော့။
( 11th Hour Messenger မှ ကောက်နှုတ်ပြန်ဆိုပါတယ်။ )
Tuesday, October 12, 2021
Unchanging Love -- မပြောင်းလဲတဲ့ အချစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment