Thursday, October 7, 2010

အောင်မြင်မှုနဲ့ အသက်အရွယ် Age and Success

  • Golda Meir ဟာ သူမအသက် ရ၁ မှာ အစ္စရေးဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။
  • William Pitt က သူ့အသက် ၂၄ မှာ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်ခဲ့တယ်။
  • George Bernard Shaw က အသက် ၉၄ မှာ သူ့ပြဇာတ်တပုဒ် စတင် ပွဲထုတ်ခံရပါတယ်။ 
  • Wolfgang Mozart ဟာ ပထမဆုံး တေးသီချင်းကို ထုတ်လုပ် ဖြန့်ချီချိန်မှာ ရ နှစ်သား အရွယ်ပဲ ရှိပါသေးတယ်။ 
  • Benjamin Franklin က ၁၆ နှစ်သားအရွယ်မှာ သတင်းစာ ကော်လံစား စာရေးဆရာလေး ဖြစ်ခဲ့ပြီး၊ အမေရိကန် အခြေခံဥပဒေကို ရေးဆွဲရာမှာတော့ အသက် ၈၁ နှစ်ပါ။
တကယ်တော့ အစွမ်းအစ talent ရှိရင် အသက်အရွယ်က အရေးမကြီးဘူးလို့ ဆိုရမှာပါ။
 ( From "The Wall Street Journal )

အောင်မြင်မှုနဲ့ ကျန်းမာရေး  Health and Success
  • ကလေးဘဝကတည်းက နားပင်းစပြုလာတဲ့ သောမ အယ်ဒီဆင် (Thomas Edison) ဟာ အသက် ၃၀ မှာ ဓါတ်ပြားစက်ကို တီထွင်ခဲ့ပါတယ်။ နဲနဲကြီးလာတော့ ဘယ်ဖက်နားက လုံးဝပင်းသွားပြီး၊ ညာဖက်ကတော့ ၁၀% ပဲ ကြားရတော့ပါတယ်။ အကျယ်လောင်ဆုံး ဆူညံသံတွေနဲ့ အော်ဟစ်သံတွေပဲ ကြားရပါတော့တယ်။ ဒါပေမယ့် ပျော်ပျော်နေတတ်သူဆိုတော့ သူက "အော်ပြောနေကြရတော့ လိမ်ပြောလို့ မရတော့ဘူးပေါ့" လို့ ရယ်စရာ ပြောဖူးပါတယ်။
သူဟာ မီးသီး၊ စကားပြောခွက်- မိုက်ကရိုဖုန်း၊ ဖယောင်း စာကူးစက်နဲ့ ရုပ်ရှင်ပြစက်တို့ကိုလည်း တီထွင်ခဲ့ပါသေးတယ်။
  • အေဘရာဟင် လင်ကွန်း Abraham Lincoln ဆိုရင်လည်း စိတ်ဖေါက်ပြန်သွားပြီးမှ အမေရိကန်သမ္မတဖြစ်သွားပါသေးတယ်။
ဒါကြောင့် ကျန်းမာရေးမကောင်းရင် မအောင်မြင်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။

အောင်မြင်မှုနဲ့ ကျောင်းပညာရေး School and Success

  • အေဘရာဟင် လင်ကွန်း Abraham Lincoln ဟာ ငယ်စဉ်က ကျောင်းပညာကို ကောင်းစွာသင်ယူခွင့် မရခဲ့ပေမယ့် သမ္မတတောင် ဖြစ်ခဲ့ပါတယ်။
  • ဒီ၊ အယ်လ်၊ မူးဒီ D.L. Moody ဟာ ကျမ်းစာကျောင်းမတက်ဖူးပဲ၊ အောင်မြင်တဲ့ တရားဟောဆရာ ဖြစ်ရုံမက ကျမ်းစာကျောင်းတည်ထောင်သူတယောက်ဖြစ်ခဲ့ပါတယ်။သမိုင်းမှာ ထင်ရှားတဲ့ ဆရာကြီးတပါးပါ။
ဒါကြောင့် ကျောင်းပညာရေးနဲ့ အောင်မြင်မှုဟာ အမြဲတွဲနေတယ်လို့ မဆိုနိုင်ပါဘူး။   ။

No comments:

Post a Comment