BE YOURSELF! ARTICLES BY DR. CURTIS HUTSON ( 2 )
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ဖြစ်ပါစေ။
" ဘုရားက လူကို ဖန်ဆင်းပြီးတဲ့အခါ ပုံစံခွက်ကို လွင့်ပစ်လိုက်တယ် " ဆိုတဲ့ စကား ကြားဖူးသလား? ရှေးလူအားလုံးနဲ့ နောင်ဖြစ်မယ့် လူတွေအားလုံးအတွက် ဒီစကားက မှန်ပါတယ်။ ဘုရားသခင်က သင့်ကို ဖန်ဆင်းပြီးတာနဲ့ ပုံစံခွက် (mold) ကို လွင့်ပစ်လိုက်ပြီ။ လူတူ မရှိနိုင်တော့ဘူး။ လူတိုင်းဟာ မူရင်း Original ပါ။ ဘုရားက မိတ္တူ Copy မလုပ်ဘူး။
" တပုံစံတည်းတူတဲ့ အမွှာ " ဆိုတာ မှားပြောတာပါ။ အဲဒီလို အမွှာမျိုးမရှိဘူး။ လူတွေမှာ လက်ဗွေရာ သီးသန့် ကိုယ်စီရှိကြတယ်။ ရှေးလူ၊ နောက်လူ - ဘယ်သူနဲ့မှ မတူတဲ့ လက်ဗွေရာပါ။
ကဲ- ဘုရားက မတူစေချင်ရင် လူတွေက တခြားတယောက်ယောက်နဲ့ တူအောင် ဘာကြောင့် တုကြသလဲ?
ကျွန်တော်မှာ သားသမီး ၄ ယောက် ဘုရားပေးထားတယ်။ တယောက်နဲ့တယောက် မတူကြဘူး။ တချို့ကို စည်းကမ်းပိုကြပ်ရတယ်။ တချို့က အကဲပိုဆပ်တယ်။ တုန့်ပြန်လွယ်တယ်။ တချို့က သီချင်း ပိုရတယ်။ တယောက်နဲ့တယောက်တူဖို့် ကျွန်တော် မကြိုးစားဘူး။ ပုံမသွင်းဘူး။ ဒါပေမယ့် " မင်းတို့ အစွမ်းတွေ အမြင့်ဆုံးဖြစ်လာအောင် အဖေ ကူမယ်။ ဘုရားသခင်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်ကြိုးစားကြ " လို့ မကြာခဏ ပြောဖြစ်တယ်။
ဘာပဲလုပ်လုပ်၊ ကိုယ်ပုံစံအတိုင်းလုပ်ပါ။ တခြားသူဆီက သင်ယူရပေမယ့် အတု မလုပ်ရဘူး။ သူများနဲ့ တူအောင် ကြိုးစားနေရင်၊ ကိုယ်ပိုင် သဘာဝ မရှိတော့ဘူး။ ကိုယ်ကိုယ်တိုင် အသက်ရှင်တာ မဟုတ်တော့ဘူး။ သူလည်း ကိုယ့်ဆီမှာ လာမရှင်ဘူး။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါစေ။ ကိုယ်သဘာဝနဲ့ ကိုယ်နေပါ။
နာမည်ကြီး ဧဝံဂေလိဆရာ B.R. Lakin ပြောလေ့ရှိတယ်။
" Piano စန္ဒယားမှာ သံစဉ်တခု၊ တသံပဲ တီးတတ်မယ်ဆိုရင်၊ B – natural (သံမှန် B)။ Be natural ပဲ တီးချင်ပါတယ်။ " တဲ့။ ဒါကြောင့် Be natural ပင်ကိုယ်သဘာဝအတိုင်း ဖြစ်ပါစေ။ ။

No comments:
Post a Comment