Tuesday, August 3, 2010

Hyles, 5, JONATHAN AND DAVID


JONATHAN AND DAVID
ဒါဝိဒ်နဲ့ ယောနသန် 

   
(Chapter 5 from Dr. Hyle's excellent book, Blue Denim and Lace)





ယောနသံနဲ့ ဒါဝိတ်တို့ ခင်မင်မှုဟာ သမ္မာကျမ်းစာထဲမှာ အလှဆုံးအရာတွေထဲက တခုဖြစ်ပါတယ်။
၁။ " ရှောလု၏သား ယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျှက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်လေ၏။ "  ၁ရာ ၁၈း၁ ။ သူကစွဲလန်းတာမဟုတ်ဘူး။ သူ့စိတ်က စွဲကပ်နေတာပါ။ စစ်မှန်တဲ့ မိတ်ဆွေဆိုတာ ဘုရားပေးတာပါ။ ဒါဝိဒ်ကို အဲဒီလိုမိတ်ဆွေတယောက် ဘုရားသခင် ပေးထားခဲ့တာပါ။ ကိုယ့်စိတ်စွဲလန်းရာ မိတ်ဆွေကို သိရတာ ပျော်စရာကောင်းပါတယ်။
၂။ အငယ် ၁ နဲ့ ၃ မှာ " ကိုယ်နှင့်အမျှ " လို့ ပြောပါတယ်။ ကိုယ့်စိတ်ဝိညာဉ်ကို ချစ်သလို ချစ်တာပါ။ နှစ်ကိုယ့် တစိတ် " One soul in two bodies " ပါပဲ။ ကိုယ့်ရဲ့ ကိုယ်ပွါး " another self "ပါပဲ။ သူ့အရေးဟာ ကိုယ့်အရေးပါပဲ။
၃။  ယောနသန်က ဒါဝိဒ်ကို နိုင်ငံတော်ပေးချင်ခဲ့တာပါ။ (၁ရာ ၁၈း ၄ ) ယောနသန်က ရှောလုရဲကသား၊ ရှောလုက ဘုရင်၊ ယောနသန်က ထီးနန်းအတွက် အမွေခံ။ ဒါပေမယ့် ကိုယ်မိတ်ဆွေကိုသာ ပေးလိုက်ချင်တာပါ။ အချစ်စစ်ဆိုတာ ပေးပဲ ပေးချင်နေတာပါ။ ပေးလို့ကို မဝတာပါ။ အကုန်ပေးရမှ ကြေနပ်တာပါ။
၎။ မိတ်ဆွေဆိုတာ လုပ်ယူဖိုပ မလိုဘူး။ "ယောနသန်" ဆိုတာ "ဘုရားသခင်ပေးတာ" "God has given" or "given by God" လို့ ဆိုလိုပါတယ်။ ကယ်တင်ခြင်းပြီးရင်တော့ ဘုရားပေးတဲ့ ဆုကျေးဇူးတွေထဲမှာ မိတ်ဆွေဟာ အကြီးမားဆုံး လက်ဆောင်ပါ။
၅။ မိတ်ဆွေဟာ သွေးသားတော်စပ်တာထက် ပိုနီးကပ်ပါတယ်။ (၁ရာ ၁၉း ၂) သုတ္တံ ၁၈း ၂၄ မှာ မိတ်ဆွေဟာ ညီအကိုထက် သာ၍စွဲကပ်တယ်လို့ ဆိုပါတယ်။ ယောဟန် ၁၅း ၁၃ မှာ မိတ်ဆွေအတွက် အသက်စွန့်တဲ့ မေတ္တာထက် မြတ်တာမရှိဘူးလို့ တွေ့ရပါတယ်။ သခင်ယေရှုကို ချစ်တဲ့မေတ္တာ၊ ခရစ်ယာန် အချင်းချင်း ချစ်တဲ့မေတ္တာဟာ သွေးသားတော်စပ်မှုထက် မကပါဘူး။
၆။ တယောက်အတွက် တယောက် အသက်စွန့်ရုံမျှမက သားစဉ်မြေးဆက် စောင့်ရှေက်ကြဖို့ သစ္စာ ပြုကြတယ်။ သူတို့လို မိတ်ဆွေအတွက် အသက်ပေးရဲသလား။ အသက်ပေးရဲလောက်အောင် ချစ်တတ်သူတွေဟာ မင်္ဂလာရှိပါတယ်။
၇။ ယောနသန်က နောက်လိုက်ပဲ ဖြစ်ချင်တာပါ။ (၁ရာ ၂၃း ၁၇) မိတ်ဆွေစစ်ဟာ ဒုတိယပဲဖြစ်ချင်တာပါ။ ကိုယ်ထက် သူတပါးကိုသာ ချီးမြှောက်ချင်တာပါ။ နောက်ကပဲ အားပေးချင်သူပါ။ ချစ်နေရရင် ပြီးပြီ။ အချစ်ခံချင်နေတာ မဟုတ်ဘူး။ ကူညီချင်တာ၊ ကူညီစေချင်နေတာ မဟုတ်ဘူး။ မိတ်ဆွေ ကောင်းစားရင် ဝမ်းသာနေသူပါ။
၈။  ယောနသန်က ဒါဝိဒ်ကိုတွေ့တိုင်း သူ့မေတ္တာကို ပြပုံရပါတယ်။ မေတ္တာစစ်ကို ယုံကြည်စိတ်ချဖို့ လိုတယ်မဟုတ်လား။ လူဆိုတာ အထပ်ထပ် ပြောမှ ယုံတာပါ။
၉။ ယောနသန်မှာ မိတ်ဆွေဆိုလို့ ဒါဝိဒ်တယောက်ပဲ ရှိပုံရပါတယ်။ နက်ရှိုင်းတဲ့ မေတ္တာကို လျှော့မတွက်သင့်ပါဘူး။ ဘုရားအလိုတော်နဲ့အညီ သတိထားရွေးရတာမျိုးပါ။
၁၀။ ယောနသန်က ဒါဝိဒ် စိတ်တိုင်းကျ လုပ်ပေးပါတယ်။ (၁ရာ ၂၀း ၄) မိတ်ဆွေရဲ့ တောင့်တခြင်းဟာ ဘုရင့်အမိန့်တော်လိုပါပဲ။The desire of a friend is a Royal Command!
၁၁။ ကိုယ်ခန္ဓာအားဖြင့် ဝေးကွာပေမယ့် မိတ်ဆွေဟာ စိတ်အားဖြင့် မကွာပါဘူး။ ယောနသန်နဲ့ ဒါဝိဒ်ဟာ အတူမနေရပေမယ့် စိတ်က မကွာကြဘူး။ ဖိလိပ္ပိ ၁း ၇၊ ၈ မှာ ရှင်ပေါလုက သူ့စိတ်ထဲမှာ ဖိလိပ္ပိမြို့သားတွေ ရှိနေတယ်။ လွမ်းနေတယ်လို့ ဆိုပါတယ်။ ဘယ်အရာကမှ မကွဲကွာစေနိုင်တဲ့ ချစ်ခြင်းမျိုးပါပဲ။
၁၂။ ယောနသန်သေပြီးနောက် ဒါဝိဒ်မှာ ဘာတွေ ဖြစ်လာသလဲဆိုတာ စိတ်ဝင်စားစရာပါ။ ယောနသန်သေပြီး မကြာပါဘူး၊ ဗာသရှေဘနဲ့ မှားတယ်။ မွေးလာတဲ့ သားကလေး သေရတယ်။ သားတယောက်က နှမကို ပြစ်မှားတယ်။ သားတယောက်က တခြားတယောက်ကို သတ်တယ်။ သတ်တဲ့သားက အဖေကို ပုန်ကန်တယ်။ ထီးနန်းလုတယ်။ တိုက်ပွဲမှာ အဖေ့ရဲ့ တပ်က သတ်ပစ်ခဲ့တယ်။ ဒါမျိုးတွေ ယောနသန်ရှိတုန်းက ဒါဝိဒ်မှာ မဖြစ်ခဲ့ပါဘူး။ မိတ်ဆွေက ထိန်းပေးခဲ့တာ မဖြစ်နိုင်ဘူးလား။ မိတ်ဆွေကောင်းရှိရင် ခရစ်ယာန်တယောက် ပိုကောင်းလာနိုင်ပါတယ်။  
၁၃။ ယောနသန်ရဲ့ နက်ရှိုင်းတဲ့ မေတ္တာကို ဒါဝိဒ် နားလည်ခဲ့ဟန် မတူပါဘူး။ ချစ်ခြင်းမေတ္တာဟာ တခါတလေမှာ တဖက်သတ် ဖြစ်နေတတ်ပါတယ်။ ဒါဝိဒ်ဟာ ယောနသန်ကို မေတ္တာ ပြခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ယောနသန်ရဲ့ မေတ္တာဟာ မိန်းမကို စွဲလန်းတာထက် ပိုတယ်လို့ သူက ဆိုပါတယ်။ ဒီလိုမိတ်ဆွေမျိုး လိုလို့ ဘုရားသခင်ပေးခဲ့တာပါ။
၁၄။ ယောနသန်သေပေမယ့် ဒါဝိဒ်ရဲ့ မေတ္တာက ဆက်ရှိနေပါတယ်။ ၂ရာ ၉း ၁ မှာ ယောနသန်ရဲ့ သားတယောက်ကို ဒါဝိဒ်က ချီးမြှောက်ပါတယ်။ ခြေမသန်စွမ်းတဲ့ မေဖိဗောရှက်ကို  နန်းတော်မှာ နေရာပေးခဲ့ပါတယ်။ ဒီထက်စောစော ကျေးဇူးပြုနိုင်သားနဲ့ လို့ တချို့က ဆိုကြပါတယ်။ မေတ္တာပြဖို့ နောက်ကျနေတာ ဖြစ်နိုင်ပါတယ်။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ မိတ်ဆွေကို ကျေးဇူးပြုဖို့ ကြိုစဉ်းစားပြီး၊ ဖွင့်ပြောပြသင့်ပါတယ်။ အသိပေးသင့်၊ ဝေမျှသင့်ပါတယ်။ မိဘသေပြီးနောက် သားသမီးကို ကြည့်ရှုစောင်မတာ ကောင်းပါတယ်။ မသေခင်ဆို ပိုကောင်းတာပေါ့။  မိဘနဲ့ သားသမီး၊ လင်နဲ့မယား၊ မောင်နှမ စတဲ့   ချစ်ခြင်းတွေထက် ယောနသန်နဲ့ ဒါဝိဒ်ရဲ့ ချစ်ခြင်းကတော့ ဘုရားသခင်ပေးတာပါ၊ ထာဝရတည်ပါတယ်။



No comments:

Post a Comment